ရိုးမား အသင်းတွင်သာ ဆက်ကစားရန် ကစားသမား ကိုယ်တိုင်က ဆန္ဒ ရှိနေသော်လည်း ဒန်နီရယ်လ် ဒီရော့ဆီအား ရရှိရန် ကြိုးပမ်းမှုများ မျှော်လင့်ချက် မကုန်သေးဟု မန်ချက်စတာ စီးတီးက ယုံကြည်လျှက် ရှိသည်။
ပရီးမီးယားလိဂ် ချန်ပီယံ အသင်းသည် ဒီရော့ဆီအား ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့သော်လည်း ယခုအခါတွင် လူသိရှင်ကြား ထင်သာမြင်သာ ကမ်းလှမ်း လှုပ်ရှားနေပြီ ဖြစ်သည်။ ဒီရော့ဆီသည် သတင်းထောက်များအား မိမိသည် မိခင်ကလပ် ရိုးမားကို စွန့်ခွာရန် စိတ်ကူး မရှိဟု ပြောဆိုထားသော်လည်း သတင်းအချို့ကမူ မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီနှင့် တွေ့ဆုံစဉ်က ဒီရော့ဆီသည် အင်္ဂလန် ပရီးမီးယားလိဂ်သို့ လာရောက်ကစားရန် စိတ်ဝင်စားသည်ဟု ဖွင့်ဟခဲ့ကြောင်း ဖော်ပြလျှက် ရှိသည်။
ဒီရော့ဆီက "ကျွန်တော် အသင်းမှာ ဆက်နေမှာပါ။ နောက်ပြီး ဘယ်တုန်းကမှလည်း အသင်းကနေ ထွက်ခွင့် မတောင်းခဲ့ဘူး။ ခုဆိုရင် လူတိုင်းသိပါတယ်။ ကျွန်တော့်အတွက် ကမ်းလှမ်းစုံစမ်းမှုတွေ ရှိခဲ့တယ်။ တစ်ခု၊ ဒါမှမဟုတ် နှစ်ခုလောက်ပေါ့။ ဒါပေမဲ့ အဲဒါက စကားပြောဆိုတာ သက်သက်ပါ။ ကျွန်တော် ရိုးမားကို စွန့်ခွာချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောမှာပါ။ ချန်ပီယံလိဂ် ကစားချင်လို့၊ ဒါမှမဟုတ် ငွေကြောင့် ဆိုပြီးတော့ပေါ့။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောဖြစ်ပါလိမ့်မယ်"ဟု ပြောကြားသွားသည်။
မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီနှင့် တွေ့ဆုံစဉ်က ဒီရော့ဆီသည် အင်္ဂလန် ပရီးမီးယားလိဂ်သို့ လာရောက်ကစားရန် စိတ်ဝင်စားသည်ဟု ဖွင့်ဟခဲ့...
မန်စီးတီးကမူ ပေါင်စတာလင် သန်း(၃၀)ဝန်းကျင် ပေါက်ဈေးရှိနိုင်သည့် အီတလီ လက်ရွေးစင်အား ဈေးကွက် မပိတ်မီ စာချုပ်ခေါ်ယူနိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။ မန်စီးတီးသည် ကွင်းလယ်အတွက် ဂျက်ရော့ဒ်ဝဲလ်ကို အဲဗာတန်ထံမှ ခေါ်ယူခဲ့ပြီး ဖြစ်သည့်တိုင် ဒီရော့ဆီကိုပါ ဆက်လက် ကြိုးပမ်းနေခြင်း ဖြစ်သည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com