22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 19, 2012

KIA ၏ ခုခံခြင်းကို ပြင်းထန်စွာ ခံနေရသော အစိုးရ၏ ရွှေပြည်သာ စစ်ဆင်ရေး

အစိုးရ တပ်ဖွဲ့များသည် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့
(KIO) လိုင်ဇာဌာနချုပ်အား ပြင်းထန်သော တိုက်ပွဲများဖြင့်
 နေ့စဉ် စစ်ဆင်နေသော်လည်း ရှေ့မတိုးနိုင်ဟု KIO
 ပြောခွင့်ရသူ ဦးလာနန်းက ရွှေဟင်္သာ သတင်းဌာန
ကို ပြောပါသည်။


“ KIO ကို လေးဖက်လေးတန်ကနေ စစ်ရေးအရအကြပ် ကိုင်နိုင်ဖို့ ရွှေပြည်သာ စစ်ဆင်ရေးနဲ့
စစ်ဆင်နေတာ တနှစ် ကျော် နေပါပြီး။

ကနေ့အထိလည်း ပြင်းထန်တဲ့ တိုက်ပွဲနဲ့ ဆင်နေတုန်းဘဲ။ ဒါပေမဲ့ အစိုးရထင်သလိုတော့ ဘယ်ဖြစ် မလဲဗျာ။ ကျနော်တို့ မှာလည်း လက်နက်ရှိတယ် ကျည်ဆံလည်း ရှိတယ်လေ။

 ထင်သလို ဘယ်တက်နိုင်မှာလဲ။ အခုတောင် တိုက်ပွဲ တွေက ဒီလဆန်းကနေ အခု (၁၆) ရက်အထိ ပြောရရင် တိုက်ပွဲက (၄၇) ပွဲရှိခဲ့တယ်။ ဒါပေမဲ့ အစိုးရတပ်တွေ က ရှေ့ကို တိုး လာလို့ကို မနိုင်ပါဘူး” ဟု ဆိုပါသည်။

ထို့အပြင် ကချင်ပြည်နယ် အရှေ့မြောက်ဖက်မှ ချီဖွေမြို့နယ် ပန်းဝါဒေသနှင့် တရုတ်နိုင်ငံ တန်ချွန်းနယ်စပ်ဒေသ နယ်ခြားမှတ် တိုင် 6/7 ဖက်၌လည်း တိုက်ပွဲများပြင်းထန်နေပါသည်။

 ထိုနေရာ၌ အစိုးရဖက်မှ အကျအဆုံးများသည်ဟု KIA ဖက်ကပြော သော်လည်း သီးခြား အတည်ပြုချက်မရှိသေးပေ။

 KIA သည်ဤဒေသကို ဒုက္ခသည်များအတွက် စစ်မဲ့ဇုံအဖြစ်ထားရှိရန် ၀န် ကြီးဦး အောင်မင်းတို့နှင့် အလွတ်သဘော ဆွေးနွေးစဉ်က အဆိုပြုခဲ့သော နေရာဖြစ်ပါသည်။ စစ်ပွဲကြောင့် ဤနေရာ၌ စစ် ပြေး ဒုက္ခသည်များ မထားရှိနိုင်သေးပေ။

အစိုးရသည် KIO ၏ လှုပ်ရှားမှုကို ထိမ်းချုပ်နိုင်ရန် အင်အား တသောင်းကျော်နှင့် ပိတ်ဆို့ရေး နည်းဗျူဟာကို အသုံးပြုနေ သည် ဟု KIA ကဆိုပါသည်။

သို့သော် အစိုးရ၏ စစ်ဆင်ရေးကြောင့် KIO အပေါ် ပြည်သူများ၏ ထောက်ခံမှု ပိုမိုရရှိခဲ့သည် ဟုဆိုပါသည်။ ဤအခြေအနေကြောင့် KIO ၌ လူအင်အား၊ လက်နက်ခဲယမ်း မီးကျောက်အင်အား၊ စည်းလုံးညီညွတ်ရေးအင် အား၊ နှင့် မဟာမိတ် အင်အား အပြည့်ရှိနေသဖြင့် အစိုးရတပ်များ ရှေ့မတိုးနိုင်ခဲ့ဟု ဆိုပါသည်။

K_22_MMAAEEကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (ဓါတ်ပုံ KIA)

“သူတို့ကလည်း ဆက်လက် ပိတ်ဆို့မှာဘဲ။ လုံးဝလှုပ်လို့ မရအောင် ပိတ်ဆို့ထားမယ်။ အခွင့်သာတဲ့အခါ ဝင်တိုက်မယ်။ အဲဒီ ပုံစံပါဘဲ။ သူတို့ရဲ့ နည်ဗျူဟာက အရင်တုန်းကတည်းကဘဲ အပြတ်ချေမှုန်းတဲ့ သဘောပါဘဲ။

 ဒီတော့ သူတို့က ပထမအဆင့် အနေနဲ့ အရင်ပိတ်ဆို့နေတာ၊ပြီးတော့ ကျနော်တို့ ဗဟို ပတ်ပတ်လည်မှာ သူတို့တပ်တွေကို ပို့နိုင်သလောက် ပို့ထားမယ်။ နောက်ပိုင်း လုံးဝ လှုပ်မရတော့မှ တဖြည်းဖြည်းချင်နဲ့ သူတို့ စိုးမိုးအောင် လုပ်မယ်ဆိုတဲ့ ပုံစံဖြစ်ပါလိမ့်မယ်” ဟု ဦးလာနန်းက ဆိုပါသည်။

အစိုးရတပ်ဖွဲ့သည် ပထဝီအ နေအထားရ စစ်ကြောင်းကြီးများ ချီပြီး ဒီလိုင်ဇာ ဌာနချုပ်ကို ၀င်သိမ်းရန် အခြေအနေမပေး ဟု KIA ကဆိုပါသည်။ ဤသို့ကြောင့် ပထမအဆင့် အနေဖြင့် အရင်ပိတ်ဆို့ထားမည်။

နေရာယူမှု အတည်တကျ ဖြစ်လာပြီးဆို လျှင် လက်နက်ကြီးများနှင့် အမြဲတမ်း ပစ်ပေးနေမည်။ ဤကဲ့သော နည်းလမ်းဖြင့် ချေမှုန်းစစ် စစ်ဆင်ရေးများဆင်နွဲလာ လိမ့် မည်ဟု KIA ဖက်မှ တွက်ဆထားပါသည်။ KIA ဖက်မှလည်း ဤနည်းဗျူဟာအတွက် ပြင်ဆင်ထားပါသည်။

အစိုးရသည် စစ်ရေးအရ KIO ကိုထိမ်းချုပ်မှု မရသေးမှီ တွေ့ဆုံဆွေးနွေးရေးကို ခေတ္တရပ်ဆိုင်းထားဖွယ်ရှိပါသည်။

ဤသို့ ကြောင့် ယနေ့ထိ ထပ်မံ ကမ်းလှမ်းမှုများ မရှိတော့ပေ။ အစိုးရ၏လုပ်ရပ်ကို ထောက်ရှုခြင်းအားဖြင့် အစိုးရသည်မည်သို့သော နည်း ဗျူဟာကို သုံးနေပါစေ၊ KIO အား ပြည်တွင်းရှိ လူမှုအဖွဲ့အစည်းများက စာနာစိတ်ဖြစ်လာပြီး KIO ထံ လာရောက် အားပေး ထောက်ခံမှုများ ဖြစ်လာသည်ဟု ဆိုပါသည်။

အစိုးရ၏ အပစ်အခတ် ရပ်စဲရေး လမ်းစဉ်သည် ရိုးသားမှုမရှိဟု အပစ် အခတ် ရပ်စဲထားသော တိုင်း ရင်းသားအဖွဲ့များက လည်း ထောက်ပြလာနေကြပါသည်။ အစိုးရကကျင့်သုံးနေသော ပြည်တွင်းစစ်သည် ၁၉၆၂ ခုနှစ် စစ်အာဏာရှင် ဦးနေ၀င်း အာဏာသိမ်းနောက်ပိုင်း စတင်လာခဲ့ရာ နှစ်ပေါင်း (၅၀) ခန့် ရှိနေပြီးဖြစ်သည်။

တိုင်းရင်းသားများ၏ အခွင့်အရေးကို ပြည်တွင်း စစ်နည်းဖြင့် အစိုးရ အဆက်ဆက်က လိမ်လည်ခြင်း၊ တပတ်ရိုက်ခြင်း၊ ချေ မှုန်းခြင်း၊ အပစ်အခတ်ရပ်စဲခြင်း၊ သွေးခွဲခြင်း ဖြင့်နည်း အမျိုးမျိုး ဖန်တီးပြီး ဖြေရှင်းလာခဲ့သည်မှာ ယနေ့ဦးသိန်းစိန်အစိုးရ တိုင်ဖြစ်သည်ဟု တိုင်းရင်းသားအဖွဲ့များကဆိုပါသည်။

 ဤ သို့ကြောင့် အစိုးရသည် စစ်မှန်သောငြိမ်းချမ်းရေးကို တည် ဆောက်လိုစိတ် မရှိမချင်း  တိုင်းရင်းသားများသည် သတိကြီးစွာ ထားပြီး လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေး အစီစဉ်ကို စောင့် ကြည့်နေကြမည်သာ ဖြစ်ပါသည်။

(ရွှေဟဿင်္ာ)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )