အမေရိက၏ နာမည်ကျော် အွန်လိုင်း ဗီဒီယို အခွေငှား ဝန်ဆောင်မှု ဖြစ်သည့် Netflix မှ တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ ရီဟက်စတင်းသည် Facebook လူမှုကွန်ရက်၏ ရှယ်ယာ များကို ဝယ်ယူ လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလက Facebook အနေဖြင့် ရှယ်ယာများကို အများပြည်သူတို့ စတင်ထုတ်ရောင်းခဲ့ရာတွင် စိတ်ဝင်စားသူဦးရေ များပြားခဲ့ကြပြီး အချို့မှာ ရှယ်ယာ အနည်းငယ်သာ ဝယ်ယူခဲ့ကြသော်လည်း ဟက်စတင်းက ဒေါ်လာတစ်သန်း တန်ကြေးရှိသည့် ရှယ်ယာများကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လက ရှယ်ယာတန်ဖိုး ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည့် Facebook သည် ရှယ်ယာတစ်ခုလျှင် ယခင်က ၃၈ ဒေါ်လာဖြင့် ရောင်းချခဲ့သော်လည်း နောက်ပိုင်းတွင် ၂၂ ဒေါ်လာဝန်းကျင်ခန့်သာ ဈေးသတ်မှတ်ခဲ့သည်။
သို့ရာတွင် ဝယ်မည့်သူများဘက်မှ ကုမ္ပဏီ၏ ဝင်ငွေရရှိမှုကို အကဲခတ်ကာ တုံ့ဆိုင်းနေကြကြောင်း တွေ့ရှိရသည်။ ဟက်စတင်းသည် ရှယ်ယာတစ်ခုလျှင် ၂၁ ဒဿမ ၀၃ ဒေါ်လာဖြင့် ရှယ်ယာေ
7:11 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com