22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, August 27, 2012

YCDC က ရောင်းသည့် အမှိုက်အိတ်ဖြင့်သာ အမှိုက်ပစ်ရမည်ဆို၍ ရန်ကုန်မြို့ခံများ မကျေနပ်

ရန်ကုန်၊ ၂၆ သြဂုတ်--မြို့တော်စည်ပင်က
ရောင်းချသည့် အမှိုက်အိတ်များဖြင့်သာ
အမှိုက်ပစ်ခွင့် ပေးတော့မည် ဆိုသော
ကြောင့် ရန်ကုန်မြို့ခံများ မကျေမနပ်
ဖြစ်နေကြကြောင်းသိရသည်။




သြဂုတ်လကုန်ပြီးနောက် မိမိတို့၏ အိတ်များဖြင့် အမှိုက်ပစ်ခွင့် ပေးတော့ မည်မဟုတ်ဟု ရန်ကုန်မြို့တွင် ယမန်နေ့က အသံချဲ့စက်ဖြင့် လိုက် လံကြေညာနေကြောင်းသိရသည်။

“ရန်ကုန်မှာ အမှိုက်သိမ်းကား မမြင်ဖူးတာ ဘယ်နှစ်နှစ်ရှိပြီလဲ မသိဘူး၊ အမှိုက်ကို တွန်းလှည်းသမားနဲ့ သိမ်း တယ်၊ အမှိုက်တစ်အိတ်ပစ်ရင် ၁၀၀၊ ၂၀၀ ပေးရတယ်။ မပေးဘဲပစ်ရင် အမှိုက်သိမ်းတဲ့သူက ဘုကြည့်ကြည့် တယ်။ အိမ်တွေက လမ်းပေါ်မှာ စုပေးထားတဲ့ အမှိုက်ကိုကျတော့ မသိမ်းဘူး။ ပိုက်ဆံပေးထားတဲ့ လက်ဘက် ရည်ဆိုင်၊ ထမင်းဆိုင်တွေကိုပဲ ပုံမှန်လာသိမ်းတယ်။” ဟု ရေကျော်လမ်းမကြီးတွင် နေထိုင်သည့် အငြိမ်းစား အရာရှိတစ်ယောက်က ပြောသည်။

“အရင်တုန်းက ခေါင်းလောင်းထိုး အမှိုက်ပစ် စနစ်ဆိုရင် အဆင်ပြေတယ်။ အမှိုက်ကားလာတဲ့အချိန် ပုံးတွေနဲ့ ထွက်ပစ်ကြတယ်။ အမှိုက်ရှင်းတယ၊် အခုတော့ အမှိုက်ကားကို အရုပ်ရေးပြရတော့မယ်”ဟု လမ်း ၃၀ တွင် နေထိုင်သည် ဒေါ်မြမြကဆိုသည်။

“အမှိုက်ပုံးတွေထားပေးဖြင့် ဘာမှ မကြာသေးဘူး။ သူတို့ဆီက အမှိုက်အိတ် ၀ယ်ပစ်ရမယ်ဆိုလာပြန်တယ်။ ဘယ်သူ အဆင်ပြေအောင်လုပ်နေတာ လဲ။ ပြည်သူတွေ အဆင်ပြေဖို့ မစဉ်းစားဘဲ သူတို့ အဆင်ပြေဖို့ပဲ စဉ်းစား နေတယ်လို့ ထင်တယ်။ ဘယ်သူက ဘယ်သူ့ကို အလုပ် အကျွေးပြုနေတာလဲ။ အခွန်ထမ်းတွေက YCDC ကို အလုပ် အကျွေး ပြုနေရတာပေါ့။”ဟု မဂ္ဂဇင်းအယ်ဒီတာ တစ်ယောက်ကဆိုသည်။

“အမှိုက်အိတ်တိုင်းကို ဖြဲပစ်ပြီး အမှိုက်သိမ်းသူက သူလိုချင်တာတွေ ကို ရွေးယူတော့ ဘာအိတ်နဲ့ပစ်ပစ် ဘာထူးမှာလဲ”ဟု ပုဇွန်တောင်မြို့နယ်မှ အကြီးတန်း သူနာပြု ဒေါ်ဆွေဆွေကပြောသည်။

“ကျွန်တော်တို့ မြို့နယ်မှာ အမှိုက်သိမ်းတာကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေက တစ်စိတ်တစ်ပိုင်း ခွဲဝေ လုပ်ကိုင်ဖူးတယ်ဗျ။ အဲဒီတုန်းက သိပ်အဆင်ပြေ တယ်။ လမ်းတွေလည်း သိပ် သန့်ရှင်းတယ်။ ဒါလည်းပဲ သိပ်မကြာဘူးဗျ။ ခွင့်ပြုချက် မပေးပြန်တော့ဘူး။ အခုတော့ အမှိုက်ပစ်မှာကိုတောင် ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရဖြစ်နေတယ်။ အရင်စနစ်မျိုး ပုဂ္ဂလိက ကို ပြန်ပေးလုပ်ရင်ကောင်းမယ်။”ဟု လသာမြို့နယ်မှ ဦးဟန်စိန် က ပြောသည်။

ကားရပ်နားခွန်ကောက်ဖို့ မနက် ၄ နာရီလောက် ကတည်းက စည်ပင် ၀န်ထမ်း ၃၀ လောက် သူ့လမ်းထဲတွင် လာစောင့်နေကြောင်း၊ ဆိုင်းဘုတ် ခွန်ကောက်ဖို့ ကင်မရာကိုယ်စီဖြင့် တစ်ပေဆိုင်းဘုတ်အစ ဓာတ်ပုံ ရိုက်ယူ ကောက်ခံနေကြောင်း၊


အိမ်တွင်တပ်သည့် sunshade အတွက် အခွန်ပါ ကောက်နေကြောင်း ပြောပြပြီး၊ “အခု ရန်ကုန် တစ်မြို့လုံး ရေကြီးရေလျှံဖြစ်နေတာ ရေမြောင်းတွေကို စနစ်တကျ မဖော်လို့ပေါ့။

YCDC ကတော့ ပိုက်ဆံမရရင် လက်ညှိုးတောင်မလှုပ်ဘူး”ဟု အဆိုးမြင်ဝါဒီ နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

ရန်ကုန်တွင် အမှိုက်သိမ်းလုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီအချို့က လွှဲပြောင်း ယူပြီး စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ထုတ်ယူသည့် လုပ်ငန်းလုပ်ကိုင်ရန် ကြိုးပမ်းခဲ့ကြဖူးသော်လည်း ခွင့်ပြုချက်မရသောကြောင့် အထ မမြောက်ခဲ့ရကြောင်းလည်းသိရသည်။

Coral Arakan News Agency
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )