22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, August 27, 2012

မြစ်ကြီးနားတက္ကသိုလ်မှာ အဓမ္မ လုပ်အားပေးခိုင်းစေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်က
ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်း
သားတွေနဲ့ ဝန်ထမ်းတွေဟာ သောကြာနေ့
တိုင်း အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရ
တယ်လို့ သိရပါတယ်။

မြစ်ကြီးနား တက္ကသိုလ် ဆရာ၊ ဆရာမတွေဟာ စီတာပူ သီတာအေးရပ်ကွက် ကမ်းနားလမ်းပေါ်မှာရှိတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းထုတ်တဲ့ အဆောက်အဦးရှေ့ တလျှောက်က ထူထပ်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေကို အခုလ (၁၇) ရက်နေ့က စပြီး ခုတ်ထွင်ရှင်းလင်း နေရတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တက္ကသိုလ် ဆရာတစ်ယောက်က RFA ကို ပြောပါတယ်။
"ဆရာ ဆရာမ ဆိုတာ စာသင်ဖို့ ပဲလေ။ စာသင်တဲ့အချိန်မှာ ခိုင်းတယ်။ တချို့ဋ္ဌာနဆိုရင် ကျောင်းသူ ကျောင်းသား မရှိဘူး၊ ကျောင်းသူ ကျောင်းသား ရှိတော့လည်း ဆရာ ဆရာမ ဆိုတာ သူတို့က လုပ်ရတာ ခြုံတွေထူတဲ့ အတွက်ကြောင့်မို့ သူတို့အားနဲ့  မလုံလောက်တဲ့ အတွက်ကြောင့်မို့ ကျောင်းသားတွေကို ခေါ်ခိုင်းတယ်။ ကျောင်းသားတွေက အဲဒီတော့ စာသင်ချိန်တွေ ပျက်တယ်။

 ဆရာ ဆရာမတွေကလည်း စာသင်ချိန်တွေ အပျက်ခံပြီးတော့ လုပ်ရတယ်။ ဘယ် တက္ကသိုလ်မှ မခိုင်းဘူး။ ဒါလုံးဝ မဖြစ်သင့်တဲ့ ကိစ္စပဲ။ အစဉ်အဆက် ညှဉ်းပန်းနှိပ်စက် နေတယ်လို့ ထင်တာပဲ။ ဘယ်သူမှ မကျေနပ်ကြဘူး။

ပြီးခဲ့တဲ့ သောကြာနေ့ ညနေပိုင်းက မြစ်ကြီးနားတက္ကသိုလ် အရာထမ်းတွေ နေထိုင်တဲ့ လမ်းတလျှောက်က ခြုံနွယ်တွေကို ခုတ်ထွင် ရှင်းလင်းခဲ့ရပြီး အခုလာမယ့် သောကြာနေ့မှာလည်း ဆက်လက် ခိုင်းစေခံရဦးမှာ ဖြစ်ကြောင်း တက္ကသိုလ် ဆရာက ပြောပါတယ်။

RFA (မြန်မာပိုင်း)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )