22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, September 13, 2012

ငှက်နှစ်ကောင် ချိုချဉ်စက်ရုံ အလုပ်သမားအခွင့်အရေး တောင်းဆို

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၉ လမ်းပေါ်က မနော်ဟရီလမ်း အနီးမှာရှိတဲ့ ငှက်နှစ်ကောင် ချိုချဉ်စက်ရုံက နေ့စားအမျိုးသမီး လုပ်သား ၇၀ ကျော်ဟာ နေ့စားလုပ်ခ တိုးမြှင့်ပေးရေး၊ သတ်မှတ် အလုပ်ချိန်နဲ့အညီ အလုပ်လုပ်ခွင့်ရရေး၊ အလုပ်ခွင်အတွင်း လုပ်သားအခွင့်အရေး ခံစားခွင့်ရရှိရေး စတဲ့အချက်တွေ ပါဝင်တဲ့ တောင်းဆိုချက် (၁၂) ချက်နဲ့အတူ ဒီကနေ့ စက်ရုံဝင်းအတွင်း ငြိမ်းချမ်းစွာ ထိုင်သပိတ် ဆင်နွဲခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၉ လမ်း ငှက်နှစ်ကောင် ချိုချဉ်စက်ရုံက နေ့စားအမျိုးသမီးများ လုပ်သားအခွင့်အရေးအတွက် စက်ရုံဝင်းအတွင်း ငြိမ်းချမ်းစွာ ထိုင်သပိတ် ဆင်နွဲနေကြစဉ်။

ခုလိုတောင်းဆို ဆန္ဒပြရတာနဲ့ ပတ်သက်လို့ အမျိုးသမီး အလုပ်သမား တစ်ဦးဖြစ်သူ မမူမူက RFA ကိုအခုလို ပြောပါတယ်။
"ဟိုတုန်းကဆိုရင် လုပ်အားခက ၁၅၀၀၊ အဲတာ အချိန်အကြာကြီး လုပ်ရတယ်။ မနက်ခင်း ၇ နာရီ ဝင်ရတယ်။ ညနေ ၅ နာရီထိုးမှ သိမ်းတယ်။ ညဆိုင်းဆိုလို့ရှိရင် ညနေ ၅ နာရီခွဲ ဝင်ရတယ်။ မနက်ကျရင် ၅ နာရီခွဲမှ သိမ်းတယ်။ ၁၂ နာရီလုပ်ချိန်ကျမှ တစ်ရက်မှ ၁၅၀၀ ပဲရတယ်။ အခု အစိုးရ သတ်မှတ်တဲ့ နှုန်းထား တစ်ရက် ၈ နာရီပဲ လုပ်ခွင့်ရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အနေနဲ့ လုံးဝမကိုက်ဘူး။ အဲတာကြောင့် လုပ်အားခ မြှင့်တင်ရေးကို တောင်းဆိုရခြင်းဖြစ်တယ်"
ငှက်နှစ်ကောင် ချိုချဉ်စက်ရုံပိုင်ရှင် ဦးသိန်းအောင်ကတော့ အခုလို အလုပ်သမားတွေ ဆန္ဒပြမယ့် ကိစ္စကို ကြိုတင်သိရှိခွင့် မရခဲ့သလို အလုပ်သမားတွေဘက်က အခွင့်အရေးတွေ တင်ပြ တောင်းဆိုခဲ့တာမျိုးလည်း မရှိခဲ့ပေမယ့် အလုပ်သမားတွေနဲ့ ပြေလည်မှုရအောင် ညှိနှိုင်းဖြေရှင်းသွားဖို့ ဆန္ဒရှိတယ်လို့ အခုလို ပြောပါတယ်။
"ညှိနှိုင်းရေးအဖွဲ့ လာရင်တော့ ပြေလည်အောင် ဖြေရှင်းပြီး ညှိနှိုင်းသွားမှာပေါ့။ ကာလပေါက်ဈေးတော့ ပေးရမယ်လေ"
အဲဒီ စက်ရုံမှာ အလုပ်သမား ၂၀၀ ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒီနေ့ဆန္ဒပြပွဲဟာ စက်ရုံအတွင်း ဖြစ်တာကြောင့် ရဲအထူးသတင်း တပ်ဖွဲ့ဝင်တွေ၊ မြို့နယ် ရဲတပ်ဖွဲမှူး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်လောက် လာရောက် စောင့်ကြည့်ခဲ့ကြပေမယ့် ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့တဲ့အပြင် မနက် ၉ နာရီလောက်မှာ အလုပ်သမား ညှိနှိုင်းရေးအဖွဲ့တွေက လာရောက် ညှိနှိုင်းပေးတဲ့အတွက် နေ့လည် တစ်နာရီလောက်မှာ အလုပ်ရှင်နဲ့ အလုပ်သမား ပြေလည်မှု ရသွားခဲ့တယ်လို့ သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )