22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, September 1, 2012

""အိမ်ထောင်ပြုပြီး အရက်သောက်သုံးမှုနှုန်း အမျိုးသမီးများပို များလာ""

အမေရိကန် နိုင်ငံရှိ အမျိုးသား များဟာ
 အိမ်ထောင်ပြု လိုက်သည်နှင့် အရက်
 သေစာ သောက်သုံးမှု လျော့ နည်းသွားပြီး
အမျိုးသမီးများကတော့ အိမ်ထောင်ပြုပြီး


နောက်ပိုင်းမှာ အရက် ပိုသောက်လာကြပါတယ်လို့ အမေ ရိကန်သုတေသီများက
 တွေ့ရှိခဲ့ပါ တယ်။

ပြည်နယ်တက္ကသိုလ်များမှ ခေါင်း ဆောင်သုတေသီများ စုပေါင်းကာလေ့လာသုတေသနပြုချက်အရ အိမ် ထောင်ရှင်အမျိုးသားများဟာ တစ်ခု လတ်အမျိုးသား၊ မုဆိုးဖိုတို့နှင့် နှိုင်းယှဉ်လျှင် အရက်သေစာ သောက် သုံးမှု အနည်းဆုံးပမာဏရှိကြောင်း သိရှိခဲ့ရတယ်။

သုတေသီများဟာ အိမ်ထောင်ပြုခြင်းနှင့် အရက်သေစာ သောက်သုံးမှုဆိုင်ရာ စစ်တမ်းကောက် ချက်များ၊ အိမ်ထောင်ရေး အရည် အသွေး၊ ကျန်းမာရေးနှင့်ညီညွတ်သောအလေ့အထများနှင့် ပတ်သက်ပြီး ပြုလုပ်ခဲ့သော မေးမြန်းဖြေဆိုချက်များ ကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။

မကြာသေးမီကမှ ကွာရှင်းထား သော အမျိုးသားများဟာ သက်တမ်း ရှည်ကြာသော အိမ်ထောင်ရှင်အမျိုး သားများထက် အရက်သောက်သုံးမှု အတော့်ကိုများကြောင်း၊ ကွာရှင်းထား သော အမျိုးသမီးများသည် အရက် သောက်သုံးမှုဆိုင်ရာ ပြဿနာများကို ပို၍အဖြစ်များကြောင်း သိရပါတယ်။

လူတစ်ယောက်ချင်းစီ၏ တစ်လတာ အရက်သောက်သုံးမှု ပမာဏကို ဆန်းစစ်ချက်များအရ အိမ်ထောင်ရှင် အမျိုးသမီးများမှာ ယင်းတို့၏ အမျိုး သားနှင့်အတူ အရက်သောက်သုံးမှု ကြောင့် အပျိုတုန်းက ထက်စာလျှင် အရက်ပိုသောက်မိကြောင်း သိရှိရပါ တယ်။


ဇင်မာမြင့် Ref : UPI.com
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )