မြန်မာနိုင်ငံအတွက် သတင်းကဏ္ဍ၊ ဆက်သွယ်ရေး ဆိုင်ရာတွေနဲ့ တခြား
ကဏ္ဍတွေအတွက် ဂျပန်အကူအညီ
ယူပြီး ဂြိုလ်တု လွှတ်တင်ရေး အစီအစဉ်
ရှိနေပါပြီ။
ဂြိုလ်တုလွှတ်တင်ရေး ပြင်ဆင်တဲ့ အနေနဲ့ လာမယ့် အောက်တိုဘာလ ဒုတိယပတ်မှာ
အလုပ်ရုံ ဆွေးနွေးပွဲ တခု ဂျပန်နဲ့ မြန်မာ ပူးပေါင်းပြီး ကျင်းပဖို့ ရှိတယ်လို့ သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။
ဂျပန်အခြေစိုက် Marubeni Aerospace Corporation မန်နေဂျင်း ဒါရိုက်တာ
Hiroshi Ikuno နဲ့ မြန်မာ အစိုးရ ပို့ဆောင် ရေး ၀န်ကြီး ဦးဥာဏ်ထွန်းအောင်တို့ဟာ
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေး ဆွေးနွေးခဲ့ကြတာ ကို မြန်မာ့အလင်း သတင်းစာ
က ဆိုထားပါတယ်။
ဂျပန်အစိုးရက သစ်တောထိမ်းသိမ်းရေး၊ စိုက်ပျိုးရေး၊ အဏ္ဏ၀ါဗေဒ၊ ရာသီဥတု စတဲ့
ကဏ္ဍတွေအတွက် မြန်မာ ကို အကူ အညီပေးရေးဆိုင်ရာ အသေးစား မြေကမ္ဘာလေ့
လာရေး ဂြိုလ်တု လွှတ်တင်ရေးနဲ့ပတ်သက်ပြီး အမြင်တွေဖလှယ်ဖို့ အလုပ် ရုံ ဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ပါတယ်တဲ့။
ဒီအပြင် ဂျပန်က အာကာသ သိပ္ပံဆိုင်ရာ နည်းပညာတွေ လေ့လာသင်ယူဖို့လည်းသူတို့
တက္ကသိုလ်တွေကနေ တဆင့် အကူအညီပေးအုံးမှာဖြစ်ပါတယ်။
အစောပိုင်း သတင်းတွေအရတော့ ဂြိုလ်တုလွှတ်တင်ရေးနဲ့ပတ်သက်ပြီး မြန်မာအနေနဲ့
အဖွဲ့ဝင် ၅ ဦးပါတဲ့ ဗဟိုကော်မတီ တခုဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၇ ဦးပါတဲ့
လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
ဂျပန်နိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလာတုန်းက မြန်မာ့ဒီမိုကရေစီအရေး အားပေးတဲ့အနေနဲ့
မြန်မာနိုင်ငံက ပေးဖို့ ရှိတဲ့ အကြွေး ဂျပန် ယန်းငွေ ဘီလျံ ၃၀၀ (အမေရိကန်ဒေါ်လာ
၃.၆၈ ဘီလျံ) ကိုလည်း လျှော်ပေးဖို့ ဆုံးဖြတ်ခဲ့ ပါသေးတယ်။
(ဧရာဝတီ)
6:12 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com