22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 11, 2012

ရှစ်နှစ်ကြာ ခေါင်းကိုက်ဝေဒနာခံစားနေရသော အသက် ၁ဝ နှစ်အရွယ် ကျောင်းသား အ ကြိမ် (၄ဝ) ခွဲစိတ်ကုသမှု ခံယူပြီးနောက် ရောဂါပျောက်ကင်းသွား

ရှစ်နှစ်ကျော်ကြာ ခေါင်းကိုက်ဝေဒနာ
ခံစားနေရသော စကော့တလန်နိုင်ငံမှ
အသက် ၁ဝနှစ်အရွယ် လက်ဖ်လန်
ဒိုဂေါဆိုသူ ကျောင်းသားလေး တစ်ဦး
သည် ဂလက်စ်ဂိုမြို့ရှိ ယော့စ်တေးလ်


 ရိုင်ရယ်လ် ကလေးဆေးရုံ၌ ဦးခေါင်း ခွဲစိတ်ကုသမှု အကြိမ်(၄ဝ) ခံယူခဲ့ပြီးနောက် ယခုအခါတွင် ခံစားနေရသော ခေါင်းကိုက် ဝေဒနာများပျောက်ကင်း သွားခဲ့ကြောင်း အင်တာနက် သတင်း
 တစ်ရပ်အရ သိရသည်။

 အဆိုပါ ကျောင်းသားလေးသည် အသက်နှစ်နှစ် အရွယ်မှစတင်၍ ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရ သောကြောင့် ဆေးရုံသို့သွားရောက် စစ်ဆေး ခဲ့ကြောင်း၊ ဆေးစစ် ချက်များအရ
၎င်း၏ဦးနှောက် အတွင်း၌ အရည်အချို့ကို ဆရာဝန်များက တွေ့ရှိခဲ့ကြောင်း
သိရသည်။

ထို့နောက် ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း ဆေးရုံသို့ နှစ်လတစ်ကြိမ် သွားရောက်ပြီး ၄င်း၏
ဦးနှောက်ကို ခွဲစိတ်၍ ဦးနှောက်အတွင်းမှ အရည်များကို စုပ်ထုတ်ခဲ့ရကြောင်း၊ နောက်ဆုံး
အကြိမ်ခွဲစိတ်မှုကို လွန်ခဲ့သည့် သီတင်းပတ် ခြောက်ပတ်အတွင်းက ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း
သိရသည်။

ယခုအခါတွင် အဆိုပါ ကျောင်းသား လေးသည်၎င်းဝါသနာပါသည့် ဘောလုံး ကစားခြင်းကို ပြန်လည်
စတင်၍ ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြဝတီ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )