22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 9, 2012

"" ရဲမှူးကြီးဇနီး အသတ်ခံရ ""(သတင်းအပြည့်အစုံ)


ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်
အတွင်း မှုခင်းကင်းစင်နယ်မြေ ရှိ ပုဇွန်တောင်
မြို့နယ်တွင် နေထိုင်သူ ရဲမှူးကြီး(အငြိမ်းစား)
တစ်ဦး၏ဇနီးဖြစ် သူသည် စက်တင်ဘာလ
 ၆ ရက်နေ့ နံနက် ပိုင်းက ဓားထိုးသွင်းဒဏ်

ရာအချက ပေါင်းများစွာဖြင့် ရက်စက်စွာအသတ်ခံခဲ့ ရကြောင်း ရပ်ကွက်နေသူများနှင့် ကာယကံရှင်မိသားစုများထံမှ စုံစမ်း သိရှိရသည်။

အသက် ၆၂ နှစ်အရွယ် ဒေါ်မေ နှင်းဆီဟန်သည် ယင်းနေ့က ၎င်းနေ ထိုင်သော ပုဇွန်တောင်မြို့နယ်
ဦးဝိဇ္ဇာ လမ်း အိမ်အမှတ် ၇၊ ငါးလွှာတွင်သေဆုံး နေသည်ကို နံနက် ၁၀ နာရီဝန်းကျင်၌ တွေ့ရှိရကြောင်း ၎င်း၏သမီးဖြစ်သူ ဒေါ်ခင်ဒါလီဟန်က The Voice Weekly သို့ ပြောကြားသည်။

၎င်းသည်ခန္ဓာကိုယ်တွင်ထိုးသွင်း ဒဏ်ရာ ၂၂ ချက်၊ စအိုတွင်ထိုးသွင်း ဒဏ်ရာတစ်ချက်၊
 ညာမျက်လုံးတွင် မာ ကျောသောအရာဖြင့် ထုနှက်ဒဏ်ရာ တစ်ချက်၊ လည်ပင်းတွင်ကိုက်ထား သောဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သေဆုံးသူ၏
မိသားစုဝင်များက ပြော ကြားသည်။

အဆိုပါရဲမှူး၏ဇနီးအသတ်ခံရမှု နှင့်ပတ်သက်၍ ဦးဝိဇ္ဇာလမ်းတွင်းနေသူ များကအသတ်ခံရသူအမျိုးသမီးသည် အေးဆေးတည်ငြိမ်စွာနေတတ်ပြီး စိတ် သဘောထားကောင်းမွန်သူတစ်ဦးဖြစ် ကြောင်း မှတ်ချက်ပေးပြောကြားကြသည်။

ယင်းနေ့က သေဆုံးသူ၏ ညီမ ဝမ်းကွဲဖြစ်သူ ပဲခူးတွင် သေဆုံးကြောင်း သတင်း ရသဖြင့် သွားရောက်ရန် အတွက် သမီးဖြစ်သူက မိခင်ဖြစ်သူကို သွားရောက် ပြောဆိုရန် ယင်းတိုက်ခန်းသို့ ရောက်ရှိ ခဲ့ကြောင်း၊

 တစ်တိုက်တည်းနေသူ မိခင် ၏ အစ်မဖြစ်သူ အခန်းတွင် အိမ်အကူ လုပ်သူ အမျိုးသမီးကို မိခင်ဖြစ်သူထံ သွားရောက် ပြောဆိုရန် ယင်းအခန်း သို့ လွှတ်လိုက်ကြောင်း၊

အိမ်အကူ ဖြစ် သူပြန်မလာသဖြင့် လိုက်ပါ ကြည့်ရှုစဉ် အိမ်ပြင် သံတံခါးကိုသာ စေ့ထားပြီး သစ်
 သားတံခါးကို အတွင်းမှ သော့ခတ်ထား ကြောင်း၊

ယင်းနောက် မိခင်ကိုအသံပြု သော်လည်း အကြောင်း မပြန်သဖြင့် သော့ပြင်သူကို ခေါ်ကာ
တံခါးဖွင့်ခိုင်းရာ မှ မိခင်ဖြစ်သူသည် အိမ်တွင်းမီးဖိုခန်း တွင် ဆံပင်များ ဖားလျားကျလျက်
ထိုင် လျက် အနေအထားဖြင့် သွေးများအိုင် ထွန်းကာ သေဆုံးနေသည်ကို တွေ့ရှိရ ကြောင်း
ထိုနေ့ နံနက် ၁၀ နာရီကျော် တွင်မြင်ရသော မိခင်ဖြစ်သူ၏ သဏ္ဌာန် ကို သမီးဖြစ်သူနှင့်
အစ်မရင်းဖြစ်သူတို့က ပြန်လည်ပြောဆိုသည်။

“အမေက ပိုက်ဆံဆို ဘဏ်မှာလည်း မထားဘူး၊ လက်ဝတ်လက်စား လည်း မဝယ်ဘူး၊ အိမ်မှာပဲ
ထားတယ်။ အဲဒီနေ့ က ပိုက်ဆံအိတ်နှစ်လုံး ပွင့်နေတယ်။ နောက်ပြီး ဖုန်းလည်း မရှိတော့ဘူး”
ဟု ၎င်းင်းတို့ကဆိုသည်။

ယင်းဖြစ်စဉ် မဖြစ်ပွားမီ ၁၀ ရက် ကျော်က ရဲမှူးကြီး ဖြစ်သူသည် သားရှိရာ မြဝတီသို့ သွားရောက်နေ
သဖြင့် ၎င်းတို့ အိမ်တွင် နေ့ပိုင်း အိမ်ဖော်အဖြစ် လုပ်ကိုင် သူ အမျိုးသမီးကြီးကို အိမ်တွင် ညဘက်၌ အဖော်အဖြစ် အိပ်စေခဲ့ကြောင်း၊

 ယင်း နောက် အိမ်ဖော် အမျိုးသမီးကြီးသည် ခွင့်သုံးရက် ယူပြီးနောက် သေဆုံးမှု မဖြစ်ခင် တစ်ရက်တွင် ညဘက် လာရောက်ကာ အဖော်အဖြစ် အိပ်နေခဲ့ကြောင်း၊ ယင်း နေ့တွင်ပင် သေဆုံးသူသည် အိမ်ရှိလေအေး ပေးစက်ကို ဝယ်ယူသူများကို ခေါ်၍ ရောင်း ချခဲ့ကြောင်း၊

 သေဆုံးမည့် နံနက်တွင် ယင်း လေအေးပေးစက် နေရာလွတ်ကို ပြန်လည် ပိတ်ဆို့ရန်အတွက်
လက်သမား များကိုလည်း ခေါ်ခဲ့ကြောင်းကို ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုဇွန် တောင် ရဲတပ်ဖွဲ့စခန်းက ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေး
 နေကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းနှင့် သမီးဖြစ်သူ၏ ပြော ကြားချက်အရ သိရသည်။

The Voice weekly 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )