22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 9, 2012

ဒီမိုကရေစီ စနစ်လက်မခံနိုင်တဲ့ လူတွေ သွားပေတော့လို့  သူရဦးရွှေမန်း ဆို

တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တရားသူကြီး ဟောင်းများ၊ ဥပဒေ ပညာရှင်များ တွေ့ဆုံပွဲကို စက်တင်ဘာ ၈ ရက် နေ့လည် ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး ခန်းမတွင် ကျင်းပပြု လုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်
ဥက္ကဌ သူရဦးရွှေမန်းနှင့် ဥပဒေ ပညာရှင်ကြီးများ တက်ရောက်ကြသည်။

ဓာတ်ပုံ- ဥက္ကာကိုကို


တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်
တရားသူကြီး ဟောင်းများ၊ ဥပဒေ ပညာရှင်များ တွေ့ဆုံပွဲ လက်ဖက်ရည် သောက်ချိန် ၁၅ မိနစ်ရပ်နားစဉ်။

ဓာတ်ပုံ- ဥက္ကာကိုကို
““တရား ဥပဒေ စိုးမိုးရေးဆိုတာ အပြောနဲ့ တော့မရဘူး။ ဟန်ပြနဲ့တော့ မရဘူး။ အပြောလေးနဲ့ ဟန်ပြနဲ့ မရသလိုပဲ ကျွန်တော်တို့က ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ မလုပ်ဘူး ဆိုရင်တော့ မဖြစ်ဘူး။ ဒီမိုကရေစီနုနယ် တယ်ဆိုတာ ဒီမိုကရေစီက ရှိပြီးသားကြီးပဲ။ နုနယ်တာက ဒီမိုကရေစီစနစ်နဲ့ ကျွန်တော်တို့နုနယ်တာ။ နုနယ်တဲ့ဟာကိုမှ အခြေခံကျတဲ့ဟာကိုမှ လက်မခံနိုင်ဘူးဆိုရင် လက်မခံနိုင်တဲ့ လူတွေသွားပေတော့။ ဒီမိုကရေစီပြောင်းကာစမို့လို့ ဒီဟာကိုခွင့်လွှတ်ရမယ်ဆိုရင် ခွင့်လွှတ်တဲ့ဟာက မှန်သလား မှားသလား ပြန်ပြီးကြည့်ဖို့လိုတယ်။ ခွင့်လွှတ်လိုက်ရင် နောင်လည်းလုပ်လို့ရတာပဲဆိုပြီး ဒီလိုပဲဖြစ်သွားမှာပဲ။ ဘာဖြစ်မလဲ။ သံသရာတစ်ပတ်လည်မယ်။ အလေးအနက်ထားစဉ်းစားဖို့လိုတယ်။ ဒီမိုကရေစီတိုက်ပွဲဝင်ရင်း လမ်းခုလတ်မှာ ကျလည်းကျဆုံးသွားနိုင်တယ်။ ဒါပေမယ့် ကျန်တဲ့လူတွေက ဆက်လက်တိုက်ဖို့လိုတယ်။ ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီ ကျွန်တော်တို့နိုင်ငံမှာ ဆက်လက်မရှင်သန်ဘူး။ မကျင့်သုံးဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ နိမ့်ကျနောက်ကျနေမှာပဲ””
ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် စက်တင်ဘာ ၈ ရက်က ကျင်းပပြုလုပ်သော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့်တရားသူကြီးဟောင်းများ၊ ဥပဒေပညာရှင်များတွေ့ဆုံပွဲ၌ ပြောကြားသွားသည်။

7Day News Journal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )