22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 9, 2012

ရခိုင်ပြည်ကို အစ္စလမ်မိတ်နိုင်ငံ ထူထောင်ရန် အကြမ်းဖက်ဘင်္ဂလီ (၁၁) ဖွဲ့ ပူးပေါင်း

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘန်ဒရော်ဘင်
တောင်တန်းဒေသ (ရွာတော်ခရိုင်)နှင့်
ဖလောင်းချိတ်မြို့(Cox's Bazar) ကြားတွင်
 တိမ်မြုပ်နေသည့် ရခိုင်ပြည်နယ်ကို
 အစ္စလမ်မိတ်နိုင်ငံ တစ်ခုအဖြစ်



ထူထောင်ရန် စိုင်းပြင်နေကြသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား (၁၁) ဖွဲ့ ပူးပေါင်းပြီး လှုပ်ရှားမှု တချို့အား ပြုလုပ်ရန် ပြင်ဆင်နေကြကြောင်း သြဂုတ်လ ၅ ရက်နေ့ထုတ် ဘင်္ဂလားဒေ့ခ်ျ ဖလောင်းချိတ်သတင်း(Cox's Bazar news) စာမျက်နှာတွင် ဖေါ်ပြချက်အရ သိရသည်။

ဘန်ဒရော်ဘင်ခရိုင် အလယ်ခိုတောင်မြို့နယ် တွင် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား အဖွဲ့တစ်ခုသည် ပြန့်ကြဲနေသော ဘင်္ဂလီအဖွဲ့များကို စုစည်းပြီး စခန်းတစ်ခု တည်ဆောက်နေကြောင်းနှင့် အဆိုပါအဖွဲ့အား ကြိုးကိုင်ခိုင်းစေနေသော ဘင်္ဂလီ (၃) ဦးမှာ ဘင်္ဂလားဒေ့ခ်ျ အစိုးရက အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားသည့် ဟိုးရ်ကာတူလ်း ဂျီဟတ်(JMB) တို့ဖြစ်ကြောင်း ရဲထောက်လှမ်းရေး၏ အစီရင်ခံစာတွင်ဖော်ပြထားကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်အတွင်း ပဋိပက္ခဖြစ်ပွားပြီးနောက် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖလောင်းချိတ် (Cox's Bazar)မြို့မှ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား (၁၃) ဦးနှင့် ရွာတော်ခရိုင်ရှိ အလယ်ခိုတောင်မြို့နယ်မှ (၃) ဦး ဖမ်းဆီးရမိကြောင်း အဆိုပါသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။



ဘင်္ဂလားဒေ့ခ်ျအစိုးရမှ ဖမ်းဆီးထားသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား အဖွဲ့ဝင် တစ်ဦးက (JMB) ခေါင်းဆောင် ဆာလ်မန်(ခ) ရူဟူလ်းအာမီ(ခ) တာလ်ဟာ ဆိုသူမှာ လက်ရှိ ဂျာမာယာတူလ်းအာရ်ကန် အဖွဲ့ကို ဦးဆောင်ပါဝင် လှုပ်ရှားနေကြောင်း၊

 နောက်ထပ် အဖမ်းဆီးခံ တစ်ဦးဖြစ်သူ မိုဟာမက် ကာဖိကလေးတို့ အဖွဲ့မှာ အလယ်ခိုတောင်မြို့နယ်က ကီလိုမီတာ (၂၀) ကျော် ဝေးသောနေရာတွင် အာမခံစခန်းတည်ဆောက်ပြီး ဂျီဟတ်ဒီ စာအုပ်စာတန်းများ ထုတ်ဝယ် ဖြန့်ချိရန်၊ လက်နက်ကြီး လက်နက်ငယ်သင်တန်း၊ ဟိန္ဒီ၊ အူရဒူစာပေနှင့် စကားများအား သင်ကြားပြီး အာဖ်ဂန်နစ္စတန်ကို သွားရောက်ကာ အကြမ်းဖက်မှု

နည်းမျိုးစုံအားရယူရန် မျှော်မှန်းထားကြောင်းနှင့် ရခိုင်ပြည်ကို အစ္စလမ်မိတ်နိုင်ငံတော် ထူထောင်ရန် စီစဉ်နေကြောင်း ဝန်ခံခဲ့သည်ဟု အဆိုပါစာမျက်နှာတွင် ရေးသားဖေါ်ပြထားသည်။

၎င်းအဖွဲ့များ၏ လှုပ်ရှားမှုများမှာ နယ်စပ်တစ်လျှောက် လုယက်မှု မှောင်ခိုမျိုးစုံနှင့် ပြစ်မှုမျိုးစုံအား ကျူးလွန်နေကြောင်း သိရသည်။ အဆိုပါ အဖွဲ့အစည်းမှာ လွန်ခဲ့သော (၃) နှစ်အတွင်းက လူအင်အား ၅၀၀၀ ခန့်ရှိခဲ့ပြီး ဘင်္ဂလာဒေခ်ျ့အစိုးရ၏ ထိုးစစ်ဆင်ဖမ်းဆီးခြင်းကြောင့် (AK47) အမျိုးအစား သေနပ်အလက် တစ်ရာကျော်၊ (M16) အမျိုးအစား သေနပ်အလက် ငါးဆယ်ကျော်၊ ဖေါက်ခွဲပစ္စည်းများနှင့် ကျည်ဆံ တစ်သိန်းကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း ဖေါ်ပြထားသည်။

ထို့အပြင် BDR တပ်ဖွဲ့မှ အမည်မဖေါ်လိုသူ ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်ဦးကလည်း လက်ရှိ မြန်မာ့အတိုက်အခံ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့သည် မိမိတို့နယ်နိမိတ်တွင် ရှိနေကြောင်း လျှို့ဝှက်သတင်း ရထားသည့်အတွက် နယ်စပ်တစ်လျှောက် ထိုးစစ်ဆင်ရှာဖွေနေကြောင်း
 ပြောကြားခဲ့သည်။

 ဆက်လက်ပြီး RSO အဖွဲ့ဝင်များမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံအတွင်း၌ ပြန့်နှံနေထိုင်ကြပြီး စစ်တကောင်းမြို့တွင် RSO ရုံးဖွင့်ထားကြောင်း၊ ယခုအခါ ဂျာမာယာတူလ်းအာရ်ကန်နာမည်နှင့် အဖွဲ့တစ်ခု မြေပေါ်ဖွဲ့စည်းကာ ဘင်္ဂလားဒေ့ခ်ျအစိုးရနှင့် အစ္စလမ်နိုင်ငံများက ထောက်ခံအသိအမှတ်ပြုလာအောင် လှုပ်ရှားနေကြောင်း စုံစမ်းရရှိထားကြောင်း ဖော်ပြခဲ့သည်။

လွန်ခဲ့သော ၂၀၁၀ ခုနှစ်က တန်းဆိပ်မြို့နယ် ဘောလီပါရာမှာ အာရ်ကန်မူဆလင်အဖွဲ့ အမည်နှင့် အကြမ်းဖက်ရန် စည်းရုံးလှုံ့ဆော်နေစဉ် ဖမ်းဆီးရမိခဲ့သည့် ချာမိန်းမာဟ်ဖူဇ်းဆိုသူနှင့်
လက်ရှိအဖမ်း ခံနေသော လူများကို ဆက်စပ်မှု ရှိမရှိ အထူးစစ်ဆေးနေကြောင်းနှင့် ရခိုင်ပြည်မှာ ဖြစ်ပေါ်သော ပြဿနာဇစ်မြစ်သည် အဓိကသွေးထိုး လှုံ့ဆော်ပေးသူများ
 ရှိနေကြကြောင်း အဆိုပါ သတင်းစာ မျက်နှာတွင် ဖေါ်ပြထားကြောင်း သိရသည်။
 

Arakan TImes
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )