22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 9, 2012

သမီးကိုပြန်ပေးဆွဲပြီး ဖခင်ဖြစ်သူကို သတ်မည်ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံမှုတစ်ခု စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးရမိ

တူမဖြစ်သူ၏ သူငယ်ချင်းက နိုင်ငံတော်
သမ္မတရုံးမှ ဗိုလ်မှူးတစ်ဦးဟု လိမ်လည်
လျက် သမီးငယ် အား ပြန်ပေး ဆွဲပြီး
ဖခင်ဖြစ်သူအား သတ်မည်ဟု ခြိမ်းခြောက်
 ငွေတောင်းသော မှုခင်းတစ်ခု


ရန်ကုန် တိုင်း ဒေ သကြီး စမ်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ် ၃ဝရက်က
 ဖြစ်ပွားခဲ့သည်။

 ဖြစ်စဉ်မှာ ရန်ကုန် တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ခတ္တာလမ်း အမှတ်(၃၉)နေ ဦးမိုးနိုင်၏ လက်ကိုင် ဖုန်းသို့ နိုင်ငံတော် သမ္မတရုံးမှ ဗိုလ်မှူးဝင်းနိုင်ဆိုသူက ဦးမိုးနိုင်၏ အိမ်ဖော်ထံမှ ဖုန်းနံပါတ် စုံစမ်းသိရှိ ချက်အရ လက်ကိုင်ဖုန်းဖြင့် ဆက်သွယ်ပြီး ဦးမိုးနိုင်၏သမီးဖြစ်သူ ISM (International School of Myanmar) ကျောင်းသူ မဖူးဖူးအားပြန်ပေးဆွဲ၍ ဦးမိုးနိုင်အား သတ်မည်ဖြစ်ကြောင်း၊

 ထိုသို့ မဖြစ်စေ လိုက ငွေကျပ်သိန်း တစ်ရာပေးရန် အကြိမ် ကြိမ် ခြိမ်းခြောက် တောင်းခံခဲ့ရာ ဦးမိုးနိုင်က ယင်းနေ့တွင်ပင် စမ်းချောင်း ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

 ဦးမိုးနိုင်၏ တိုင်ကြားချက်အရ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူး အောင်သိန်းနှင့် စခန်းမှူးရဲအုပ်မြအောင်တို့က ၄င်းအားသွားရောက် တွေ့ဆုံမေးမြန်းခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ ဆက်လက် တင်ပြချက်အရ တိုင်းဒုစရိုက် နှိမ်နင်းရေးအဖွဲ့မှ ဦးမိုးနိုင်၏ သမီးဖြစ်သူ မဖူးဖူးအား ကျောင်း သွားကျောင်းပြန် စောင့် ကြပ် လိုက်ပါခြင်း

၊ကျောင်းတက်ချိန်တွင် ကျောင်းပြင် ပမှ စောင့်ကြည့်ခြင်း၊ ဦးမိုးနိုင်၏ နေအိမ်အနီးတွင် အစောင့်ထားရှိခြင်းတို့ကို ဆောင်ရွက်ပေးပြီး တစ်ချိန်တည်းတွင်ပင် မသင်္ကာ သူက ဦးမိုးနိုင်ထံသို့ ခေါ်ဆိုခဲ့သည့် လက်ကိုင်ဖုန်းအမှတ် ဝ၉-၂ဝ၂၇၆၂၉၏ ခေါ်ဆိုမှု မှတ်တမ်းတို့ကို စိစစ်ဖော် ထုတ်ခဲ့သည်။


ထိုသို့ စိစစ်ချက်များအရ ယင်းလက် ကိုင်ဖုန်းပိုင်ရှင်မှာ မန္တလေးမြို့တွင် နေထိုင်သည့် ဒေါ်မွန်ရွှေ ဆိုသူဖြစ် ပြီး ၄င်း၏သားဖြစ်သူ အာကာ လူမင်းအား ပေးထားသောဖုန်းဖြစ်ကြောင်း၊

သားဖြစ်သူထံမှ ယင်းဖုန်းပျောက်ဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖုန်း၏ ခေါ်ဆိုမှုမှတ်တမ်းများထဲမှ နံပါတ်တစ်ခုမှာ အာကာလူမင်း ၏သူငယ်ချင်း ဖြစ်သူ ရာဇာစိန်ဝင်း ဆိုသူ၏ ဖုန်းဖြစ်ကြောင်း ဆက်သွယ်ရေးဌာန မှ ဖော် ထုတ်နိုင်ခဲ့ပြီး ယင်းအာကာ လူမင်းနှင့် ရာဇာစိန်ဝင်းတို့မှာ ဦးမိုးနိုင်၏တူမ ဖြစ်သူမချစ်စု၏ မိတ်ဆွေ များဖြစ်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည့် အပြင် မချစ်စု၏ လက်ကိုင်ဖုန်းမှ တစ်ဆင့် အာကာလူမင်းနှင့် ရာဇာစိန်ဝင်းတို့၏ ဓာတ်ပုံများကို ဖော်ထုတ်ရရှိခဲ့ပြီး ရာဇာစိန်ဝင်း၏ နေအိမ်အား စောင့်ကြည့်ခဲ့သည်။



စက်တင်ဘာ၂ရက် မွန်းလွဲပိုင်းက ဦးမိုးနိုင်ထံသို့ ယင်းဗိုလ်မှူး ဝင်းနိုင်ဆိုသူက ထပ်မံဆက်သွယ်ပြီး မူလ တောင်းဆိုထားသည့် ငွေအပြင် i-Phoneနှစ်လုံးနှင့် Sim Cardနှစ်ခုကို ပါ နောက်တစ်နေ့ တွင် ပေး ရန် ထပ်မံခြိမ်းခြောက် တောင်းဆိုသဖြင့် ဦးမိုးနိုင်၏ တိုင်ကြားချက်အရ ထိုသူအား ငွေပေးအပ်ချိန်တွင် ဖမ်းဆီးရန် စီမံ ဆောင်ရွက်ခဲ့သည်။


စက်တင်ဘာ၃ ရက် နံနက် ၉နာရီက ဦးမိုးနိုင်ထံ ၄င်းဗိုလ်မှူး ဝင်းနိုင်ဆိုသူက ဆက်သွယ်၍ ညနေ ၄နာရီတွင် (၄၉)လမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ Black Skyကော်ဖီဆိုင်၌ တောင်းထားသော ငွေနှင့် ပစ္စည်းများ လာ ပေးရန် ချိန်းဆိုချက်အရ ရဲတပ်ဖွဲ့ဝင်များက ဦးမိုးနိုင်အိမ်နှင့် Black Skyကော်ဖီဆိုင်အနီး ၌ စောင့်ဆိုင်းခဲ့ပြီး ရဲအရာရှိတစ်ဦးက အနီးကပ် စောင့်ရှောက်ပေးခဲ့ရာ ညနေ၃နာရီခွဲတွင် ၄င်းဗိုလ်မှူး ဝင်းနိုင်ဆိုသူ ရောက်ရှိလာ ပြီး ဦးမိုးနိုင်နှင့် ချိတ်ဆက်လျက် ငွေနှင့်ပစ္စည်းများကို ယူဆောင်သွားခဲ့ရာမှ ကော်ဖီဆိုင် အထွက်တွင် အသင့်စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များက သက်သေခံ ပစ္စည်းများဖြစ်သည့် ငွေကျပ်သိန်းတစ်ရာ၊ i-Phone နှစ်လုံးနှင့် Sim Card နှစ်ခုတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။


ပြစ်မှုကျူးလွန်သူမှာ မင်္ဂလာတောင်ညွန့်မြို့နယ် (၁၂၂)လမ်းအမှတ်(၁၈) ခြောက်လွှာ ယာဘက်ခန်းတွင်နေ ထိုင် သူ ရာဇာစိန်ဝင်း(ခ) ရှီပါး(ဘ)ဦးစိန်ဝင်း ဖြစ်ပြီး ဒဂုံအဝေးသင် တက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသား တစ်ဦးဖြစ် ကြောင်း၊ ကျောင်းအတူသွားစဉ် အာကာလူမင်းထံမှ ခိုးယူခဲ့သော လက်ကိုင်ဖုန်းဖြင့် သမ္မတရုံးမှ ဗိုလ်မှူးဝင်းနိုင် ဟု လိမ်လည်၍ ဦးမိုးနိုင်ထံ ခြိမ်းခြောက် ငွေတောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ဤဖြစ်စဉ်တွင် မပေါင်းအပ်သူတို့နှင့် ပေါင်းသင်းမိခဲ့သည့် ဦးမိုးနိုင်၏ တူမဖြစ်သူမချစ်စု၊ မိမိအလုပ်ရှင်၏ ဖုန်း နံပါတ်ကို လူစိမ်းတစ်ဦးထံ အလွယ်ပေးခဲ့သော အိမ်ဖော်၊

ကံဆိုးရှာသူ ဦးမိုးနိုင်တို့နှင့် လောဘ သားကောင် တို့ ဆုံဆည်းမိခဲ့ရာမှ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ကျေပွန်သူ ဝန်ထမ်းများ ကြောင့်သာ ဖြစ်ရပ်ဆိုးကြီး မဖြစ်မီအချိန်မီ တားဆီးထိန်းသိမ်း လိုက်နိုင်ကြောင်း မှတ်သားဖွယ်ရာ တွေ့ရှိ ဖော်ပြလိုက်ပေသည်။

(မြဝတီ)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )