22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 16, 2012

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အား လေကြောင်းနှင့်ထောက်/ပို့ဆုံရပ်အဖြစ် ဆောင်ရွက်မည်

 


မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးအား ဒေသတွင်းနိုင်ငံတွင်းလေကြောင်းကုန်စည်စီးဆင်းရာ လေဆိပ်ကြီးအဖြစ် အကောင်အထည်ဖော်ရန်အပြင် လေကြောင်းနှင့်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဆုံရပ်(Aviation and Logistics Hub) တစ်ခုအဖြစ်သို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရ သည်။
 
အဆိုပါဆုံးဖြတ်ချက်ကို နေပြည်တော်ပို့ဆောင်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး၊ ညွှန်ကြားမှုဦးစီးဌာန၏   လေကြောင်းပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲက သိရှိရသည်။
 
မြန်မာ့မြေနေရာအနေအထားအရ အချက်အချာကျပြီး ကုန်စည်စီးဆင်းသွားလာရန်နှင့် လေကြောင်း ထောက်ပံ့ ပို့ဆောင် ရေးဆုံရပ်အဖြစ် ဆောင်ရွက်ရန်အပိုင်း(၆)ပိုင်း ခွဲ၍ဆောင်ရွက်မည်ဖြစ်သည်။
 
''ပုဂ္ဂလိက ကဏ္ဍပါဝင်နိုင်ဖို့အတွက် မန္တလေးလေဆိပ်ကို LOCAL ဦးစားပေးမယ်၊ နိုင်ငံခြားနဲ့လည်း Joint လုပ်နိုင်တယ်၊ လုပ်ငန်းတွေက ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ စီမံခန့်ခွဲမှုတွေ လိုအပ်တယ်၊ မြန်မာ့ ရင်းနှီး မြှုပ်နှံမှုဥပဒေအရ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်၊ စိစစ်ရေးအဖွဲ့ (၃)ဖွဲ့ နဲ့စိစစ်ရွေးချယ်သွားမှာဖြစ်ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကောင်မရှင်ရဲ့ သတ်မှတ်ချက်နဲ့ညီညွတ်တာကို ခေါ်ယူမှာ ဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။
 
ဦးတင်နိုင်ထွန်းမှာ လေကြောင်းပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းတင်သွင်းခဲ့သူလည်းဖြစ်သည်။
 
အဆိုပါကဏ္ဍအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက်လည်း  စီမံဆောင်ရွက် ထားကြောင်း သိရှိရသည်။
 
အကြိုအရည်အချင်းစစ်ဆေးခြင်းဖြင့် ပုဂ္ဂလိကသို့ တင်ဒါခေါ်ယူမည်ဖြစ်သလို  တစ်လအတွင်း တင်သွင်းရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
“တင်ဒါအောင်တဲ့အဖွဲ့က ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှာ လုပ်ငန်းတွေ စတင်ဆောင်ရွက်ရမယ်၊ ပြည်တွင်းကို ဦးစားပေးပေမဲ့ ပြည်ပနဲ့လည်း မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ရမယ်၊ အဲလိုမှ Market ခေါ်နိုင်မှာပါ ''ဟု၎င်းက ဆက်ပြောသည်။
 
မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး ၁၉၉၆ခုနှစ်၊မေလ (၁၇)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂ဝဝဝ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။
 
လက်ရှိလေဆိပ်လုပ်ငန်းများကိုမြေ ၃၆၈၂ ဧကပေါ်တွင် ဆောင်ရွက်ထားခြင်းဖြစ်ပြီး လေဆိပ်လုပ်ငန်းများ၊   လေကြောင်း ကုန်သွယ်ရေးလုပ်ငန်းများ၊ လေကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ယင်းမြေဧရိယာပေါ်တွင် ပုဂ္ဂလိကကဏ္ဍပါဝင်ဆောင် ရွက်ခွင့်ပြုမည်ဖြစ်သည်။
 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )