လက်ဖက်ရည် ကြမ်းမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ မှတ်ဉာဏ်၊ နေရာ ဒေသနဲ့ သက်ဆိုင်တဲ့ သင်ကြားမှုတွေမှာ အကျိုးရှိနိုင်တဲ့ ဦးနှောက်ဆဲလ် ထုတ်လုပ်မှု မြင့်မားနိုင်ကြောင်း မကြာခင်က ပြုလုပ်တဲ့ မော်လီကျူလာ အာဟာရနဲ့ အစားအသောက်ဆိုင်ရာ လေ့လာမှုမှာ ဖော်ပြထားပါတယ်။
လက်ဖက်ရည်ကြမ်းကို နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကာကွယ်ဖို့ လေ့လာမှုတွေ အများအပြား ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ အခုလေ့လာမှုမှာ လက်ဖက်ရည်ကြမ်းမှာ ပါဝင်တဲ့ ဓာတုပစ္စည်း (Epigallocatechin- 3 gallate, EGCG) ရဲ့ ဂုဏ်သတ္တိဟာ ဦးနှောက်ဆဲလ်တွေအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခဲ့ပါတယ်။
EGCG ဟာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်ပြီး အသက်ကြီးခြင်းနဲ့ သက်ဆိုင်တဲ့ ပျက်စီးယိုယွင်းတဲ့ ရောဂါတွေပေါ်မှာ အလွန် အကျိုးရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ EGCG ဟာ ဦးနှောက် အာရုံခံဆဲလ်တွေ ထုတ်လုပ်မှု မြင့်မားစေတာကြောင့် သင်ကြားရေးမှာ အထောက်အကူဖြစ်စေပြီး အရာဝတ္ထုတွေ၊ အမည်နာမတွေနဲ့ နေရာဒေသတွေကို မှတ်မိနိုင်စွမ်း ပိုကောင်းလာတယ်လို့ ဆိုပါတယ်။
8:28 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com