မန်ချက်စတာ ယူနိုက်တက် အသင်းသည် ကွင်းလယ် ကစားသမား ရှင်ဂျီ ကာဂါဝါ၏ ကြံ့ခိုင်မှု အခြေအနေအတွက် အလေးထား ဆန်းစစ်နေရကြောင်း သိရသည်။
ဂျပန် လက်ရွေးစင် အသင်းအတွက် အီရန်နှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားရန် သွားရောက်ခဲ့သော ကာဂါဝါသည် နောက်ကျော နာကျင်မှု ဝေဒနာကို ခံစားရပြီးနောက် မန်ယူအသင်းသို့ ပြန်လာခဲ့ရသည်။ ၎င်းသည် တနင်္လာနေ့က လေ့ကျင့်ရေးကွင်းတွင် မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ ကာဂါဝါသည် ယခုအခါ စနေနေ့တွင် ဝီဂန်နှင့် ကစားမည့် မန်ယူအသင်း လူစာရင်းတွင် ပါဝင်နိုင်ရန် မသေချာသေးဘဲ ရှိနေသည်။ ထို့အပြင် လာမည့် ဗုဒ္ဓဟူးနေ့တွင် ဂါလာတာဆာရေးနှင့် ကစားမည့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်တွင် ပါဝင်နိုင်ရန်လည်း ယတိပြတ် မပြောနိုင်သေးချေ။

ယခု နိုင်ငံတကာ ပွဲစဉ်များ ကစားသည့် ကာလတွင် မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် အကျပ်ရိုက်စရာ ဒဏ်ရာ ပြဿနာများ ကြုံခဲ့ရပြီး တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီသည်လည်း နယ်သာလန်အတွက် ကစားပေးရင်း ပေါင်ဒဏ်ရာ ရရှိလာခဲ့သည်။ နောက်ခံလူ ဂျွန်နီအီဗန်စ်မှာလည်း မြောက်အိုင်ယာလန်က ရုရှားကို (၂-၀)ဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ပါဝင် ကစား ပေးခဲ့ပြီး ဒဏ်ရာရခဲ့သည်။ အီဗန်စ်သည် ပထမပိုင်းတွင် ထော့နဲ့ထော့နဲ့ ဖြစ်နေခဲ့သော်လည်း ပွဲပြီးသည် အထိ ဒူးခေါင်းကို ကျပ်စည်းကာ ဆက်လက် ကစား သွားခဲ့ကြောင်း သိရှိရသည်။
ဂျပန် လက်ရွေးစင် အသင်းအတွက် အီရန်နှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားရန် သွားရောက်ခဲ့သော ကာဂါဝါသည် နောက်ကျော နာကျင်မှု ဝေဒနာကို ခံစားရပြီးနောက် မန်ယူအသင်းသို့ ပြန်လာခဲ့ရ...

11:49 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com