22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 18, 2012

မန်ယူ၏ ဥရောပ အရှိန်အဝါကို ထိန်းသိမ်းရန် အသင်းဖော်များကို လင်ဒီဂါ့ဒ် တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အန်းဒါးစ် လင်ဒီဂါ့ဒ်က အသင်းဖော်များအား မိမိတို့၏ ဥရောပတွင် လွှမ်းမိုး နိုင်စွမ်းကို ဆက်လက် ထိန်းသိမ်းနိုင်အောင် ကြိုးစားကြရန် တိုက်တွန်း တောင်းဆိုလိုက်သည်။

မန်ယူ အသင်းသည် ပြီးခဲ့သည့် ဘောလုံး ရာသီက ချန်ပီယံလိဂ်တွင် အုပ်စု အဆင့်မှပင် ကျောခိုင်းကာ ယူရိုပါလိဂ်သို့ ဆင်းကစား ခဲ့ရသည်။ မန်ယူသည် ယခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်ကို အိုးလ်ထရက်ဖို့ဒ်တွင် တူရကီကလပ် ဂါလာတာဆာရေးအား လက်ခံ ကစားရမည် ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ဒိန်းမတ် လက်ရွေးစင် လင်ဒီဂါ့ဒ်က မန်ယူ အနေဖြင့် ပြီးခဲ့သည့် ရာသီ အတိတ်ဆိုးများကို ချေဖျက်ပစ်ရန် အတွက် ယခု ရာသီတွင် အကောင်းဆုံး ကြိုးစားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

လင်ဒီဂါ့ဒ်က "ကျွန်တော်တို့ ပိုကောင်းလာဖို့ လိုပါတယ်။ မဟုတ်ရင် ဘာမဆို စိတ်ပျက်စရာတွေချည်း ဖြစ်လာမှာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ ရာသီကလိုပေါ့။ ကျွန်တော်တို့ဟာ အရမ်းကို နမော်နမဲ့နဲ့ ပေါ့ဆမိခဲ့တယ် ထင်ပါတယ်" ဟု ဆိုသည်။ ၎င်းက "ဘေဆယ်လ်ကို အိမ်ကွင်းမှာ ကစားရတဲ့ ပွဲအပါအဝင် (၂)ပွဲလောက်မှာ ကျွန်တော်တို့ဟာ သရေပဲ ရခဲ့တယ်။ အထူးသဖြင့် (၂-၀)နဲ့ ဦးဆောင် နေပြီးမှ သရေ ကျခဲ့တာမျိုးက ဒေါသ ထွက်စရာပါ။ ဒီရာသီမှာ နောက်တစ်ခါ ဒါမျိုးဖြစ်လို့ လုံးဝ မရတော့ပါဘူး" ဟုလည်း ထောက်ပြသွားသည်။

ကျွန်တော်တို့ ပိုကောင်းလာဖို့ လိုပါတယ်။ မဟုတ်ရင် ဘာမဆို စိတ်ပျက်စရာတွေချည်း ဖြစ်လာမှာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ ရာသီကလိုပေါ့။ ကျွန်တော်တို့ဟာ အရမ်းကို နမော်နမဲ့နဲ့ ပေါ့ဆမိခဲ့တယ် ထင်ပါတယ်...
လင်ဒီဂါ့ဒ်က "တကယ်တော့ ချန်ပီယံလိဂ်မှာ ကစားနေတယ် ဆိုတဲ့ အသင်းတိုင်းက ကိုယ့်သက်ဆိုင်ရာ နိုင်ငံတွေမှာ အဆင့်(၁)ကနေ (၃)လောက် ရနေတာမျိုးပါ။ ဒီအခြေအနေမှာ ပွဲတိုင်းကို ကျွန်တော်တို့ လေးလေးနက်နက် ဂရုစိုက်ဖို့ လိုပါတယ်" ဟုလည်း ဆက်လက် ပြောဆိုသွားခဲ့သည်။    
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )