အကယ်၍ ဘာစီလိုနာ အသင်းတွင်သာ ကစား ဖြစ်ခဲ့ပါက ရီးယဲလ်မက်ဒရစ်တွင် ကြုံနေရသည့် အခြေအနေမျိုးအား ရီကာဒို ကာကာ အနေဖြင့် ရှောင်လွှဲနိုင်မည်ဟု ဒန်နီအဲလ်ဗက်စ်က ပြောကြားလိုက်သည်။
ဘရာဇီးလ် တောင်ပံခံစစ်မှူးက ၎င်း၏ လက်ရွေးစင် အသင်း ကစားဖော် ကွင်းလယ် ဖန်တီးရှင် ကာကာတစ်ယောက် ဘာနေဗျူးတွင် ရုန်းကန်နေရသော အခြေအနေများကြောင့် စိတ်မကောင်းဟု ဆိုသည်။ ကာကာသည် (၂၀၀၇)ခုနှစ်က အေစီမီလန်တွင် ကစားရင်း ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့ဖူးသည်။ သို့သော်လည်း နောက်(၂)နှစ် အကြာတွင် ရီးယဲလ်သို့ ပြောင်းရွှေ့ လာပြီးနောက် ဒဏ်ရာများနှင့် ရုန်းကန် ခဲ့ရသလို ယခုအခါ ရီးယဲလ်၏ အရန် ကစားသမား ဘဝတွင်သာ အဓိက အချိန် ကုန်နေခဲ့ရသည်။
ရီးယဲလ်တွင် ရုန်းကန်နေရသည့် ကာကာ
အသက်(၃၀)အရွယ်ရှိ ကာကာသည် နွေရာသီ ဈေးကွက် ကာလအတွင်း အသင်းဟောင်း မီလန်သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆက်သွယ် ခဲ့သေးသော်လည်း လက်တွေ့ မအောင်မြင်ခဲ့ချေ။ အဲလ်ဗက်စ်က "ကျွန်တော်သာ ကာကာ ဆိုရင်တော့ ဟိုးအရင်ကတည်းက ရီးယဲလ်ကနေ ထွက်လိုက်ပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် ဘဝမှာ ဘောလုံး ကစားခြင်းဟာ အဓိကပဲ။ ကျွန်တော် ချစ်တဲ့အရာနဲ့ ဝေးကွာအောင် လုပ်ထားတဲ့ နေရာမျိုးဟာ ကျွန်တော့် ဘဝကို အနှစ်သာရ မဲ့စေတယ်လေ။ ကျွန်တော် ကာကာအတွက် စိတ်မကောင်းဘူး။ ကျွန်တော် သူ့ကို လေးစားတယ်လေ။ သူ့လို အခြေအနေမျိုးကို ကျွန်တော် လက်ခံရှင်သန်ဖို့ မလွယ်လောက်ဘူး" ဟု ဆိုသည်။
ကျွန်တော်သာ ကာကာ ဆိုရင်တော့ ဟိုးအရင်ကတည်းက ရီးယဲလ်ကနေ ထွက်လိုက်ပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် ဘဝမှာ ဘောလုံး ကစားခြင်းဟာ အဓိကပဲ။ ကျွန်တော် ချစ်တဲ့အရာနဲ့ ဝေးကွာအောင် လုပ်ထားတဲ့ နေရာမျိုးဟာ ကျွန်တော့် ဘဝကို အနှစ်သာရ မဲ့စေတယ်လေ...
၎င်းက ဆက်လက်၍ "သူဟာ ကမ္ဘာ့ဘောလုံး လောကမှာ အကောင်းဆုံး တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ခုချိန်မှာတော့ သူဟာ အသင်းရဲ့ လေးစားမှုကို မရတော့ဘူး။ တကယ်လို့ သူသာ ဘာစီလိုနာမှာ ရှိခဲ့ရင် ဒီလို အခြေအနေမျိုးတွေ ကြုံရမယ် မထင်ဘူး" ဟုလည်း ပြောကြားသွားသည်။
Ref: Goal
11:31 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com