ကျောက်တော်မြို့နယ်သရီချောင်းနယ်မြေမင်းသားတောင်ကျေးရွာအုပ်စု၊ ပေါက်တော
ကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာ
အုပ်စုတို့ တွင် ရခိုင်-ကုလားအဓိကရုဏ်းမှ
စပြီး ကျွဲ၊ နွားများ ပျောက်ဆုံးနေသည်မှာ
ယနေ့ထိတိုင် ဖြစ်ပွားလျှက် ရှိနေသည်။
၁၅-၀၉-၂၀၁၂ သောကြာနေ့ ညဥ့်တွင်လည်း ကျောက်တလုံးကျေးရွာအုပ်စု ဓိညင်းပြားရွာတွင် နေထိုင်သော(ဘ)ဦးအောင်သိန်း ကျော်၏သား
ကိုမောင်သန်းအေးတွင် နွားနှစ် ကောင် ပျောက်ဆုံးသွား ပါသည်။
ထိုနွားပျောက်ဆုံးသွားမှုကို သက်ဆိုင်ရာ လုံခြုံရေး စစ်တပ်နှင့် ရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း ဖြေရှင်းပေးမှု တစုံတရာ မရှိကြောင်း အမည် မဖော် လိုသည့်
ကျေးရွာသား တဦး၏ ပြောပြချက်အရ သိရှိရသည်။
ပျောက်ဆုံးသွားသည့် နွားပိုင်ရှင်များနှင့် နွားအရေအတွက်မှာ
၁။ ကျောက်တော်မြို့နယ် ပေါက်တောရွာ ဦးထွန်းအောင်ဖြူ (ဘ)ဦးဖိုးသာမောင်
(နွားထီးနှစ်ကောင် ၅-၈-၂၀၁၂ နေ့တွင် ပျောက်ဆုံး
၂။ (၁-၈-၂၀၁၂) နေ့ ကျောက်တော်မြို့နယ် ပေါက်တောရွာ ဦးသာအောင်ဖြူ (ဘ) ဦးကျော်လှဦး-နွားမတစ်ကောင်
၃။ (၁၈-၈-၂၀၁၂) နေ့ ကျောက်တော်မြို့နယ် ပေါက်တောရွာ ဦးစောထွန်းလှ (ဘ) ဦးတိန်ထွန်း-နွားမနှစ်ကောင်
၎။ (၁၈-၈-၂၀၁၂) နေ့ ကျောက်တော်မြို့နယ် ပေါက်တောရွာ ဒေါ်မလှသိန်း (ဘ)
ဦးစောရရွေ-နွားထီး တစ်ကောင်
၅။ (၂၅-၈-၂၀၁၂) နေ့ ကျောက်တော်မြို့ နယ် မင်းသားတောင်ကျေးရွာမှ
ဦးသန်းမောင် -နွားထီးသုံးကောင်
၆။ (၁၅-၉-၂၀၁၂) နေ့ ကျောက်တလုံး အုပ်စု ဓိညင်းပြားရွာ ဦးမောင်သန်းအေး(ဘ)
ဦးမောင်သိန်းကျော်-နွားထီး နှစ်ကောင်
အခြား ကျေးရွာများမှ သတင်း အချက်အလက် အတိအကျ မရဟိပဲ ပျောက်
ဆုံးနေသည့် ကျွဲ၊နွားများလည်း ရှိကြောင်း အဆိုပါ သတင်းပေးသူ၏
ပြောပြချက်အရ သိရှိရပါသည်။
အဆိုပါ ပျောက်ဆုံးလားသည့် နွားပိုင်ရှင်များနှင့် ကျေးရွာသား များမှာ နွားများကို
ကုလားနှင့် လုံခြုံရေး စစ်တပ်များက ခိုးယူ စားသောက်သည်ဟု
ယူဆချက်များရှိနေပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
ရခိုင်ပြည်
ရွှေမြန်မာမီဒီယာ
11:29 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com