ရန်ကုန်မြို့၊လမ်းမတော်မြို့နယ်၊ မော်တင် (၁)
လမ်း၊ ကမ်းနားလမ်းပေါ်ရှိ CHO အိမ်သုံးဂတ်စ်
အရောင်းဆိုင်တွင် ယနေ့နေ့လည် ၂နာရီ
၃၀မိနစ်ဝန်းကျင် ခန့်က မီးလောင်ကျွမ်းခဲ့ရာ
လက်ရှိအချိန်အထိ ဆက်လက်လောင်ကျွမ်းဆဲဖြစ်ကြောင်းသိရသည်။
မီးလောင်ကျွမ်းရာသို့ မီးသတ်ယာဉ် အစီး ၁၅လာရောက်၍ငြှိမ်းသတ်နေသော်လည်း ဂတ်စ်အိုးများလောင်ကျွမ်းနေမှုကြောင့် ဆက်လက်မကူးစက်စေရန်အတွက် မီးညွန့်ထိန်းသိမ်းနိုင်ရေးကြိုးစားနေဆဲဖြစ်ကြောင်းသိရသည်။
လက်ရှိအခြေအနေအရ ဂတ်စ်အိုးသိုလှောင်ထားသည့်ဂိုဒေါင်တစ်လုံး၊ တစ်ထပ်တိုက်ခံ

အိမ်တစ်လုံးနှင့် တစ်ထပ်သစ်သားအိမ်တစ်လုံးလောင်ကျွမ်းနေကြောင်း သိရသည်။
မီးလောင်ကျွမ်းရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေရောက်ရှိနေကြောင်းလည်း

သိရသည်။
The Voice weekly
8:00 AM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com