22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 9, 2012

နှုတ်ခမ်းနီဆိုးခြင်းနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည်များ

မိန်းကလေးတိုင်း အလှဆုံး ပြင်ဆင်ခြယ်သ အပြီးမှာ နှုတ်ခမ်းနီ ဆိုးပြီး အလှတရားကို ပြီးပြည့်စုံစေပါတယ်။  မိန်းကလေးအများစု မက်မက်မောမော အသုံးပြုတတ်ကြတဲ့ နှုတ်ခမ်းနီနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို ဖော်ပြလိုက်ပါတယ်။
(၁) SPF ပါသော နှုတ်ခမ်းနီကို ဘာကြောင့် ရွေးချယ်သင့်တာလဲ။
SPF အနည်းဆုံး ၁၅ ဆ ပါဝင်တဲ့ နှုတ်ခမ်းနီအဆီကို ဆိုးပေးတာက နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် နှုတ်ခမ်းသား ပျက်စီးတာကို ကာကွယ်ပေးပါတယ်။ နှုတ်ခမ်းနီကို SPF ၁၅ နဲ့အထက် ပါဝင်တာကို ရွေးချယ်ဝယ်ယူပါ။ အောက်ခံ နှုတ်ခမ်းနီ ဆိုးပြီး အပေါ်မှ SPF ပါဝင်တဲ့ နှုတ်ခမ်းနီအဆီကို ထပ်ဆိုးပေးပါ။ လှပရွှန်းစိုတဲ့ နှုတ်ခမ်းတစ်စုံကြောင့် နေရောင်အောက်မှာ ဆွဲဆောင်မှု အပြည့် ရှိနေစေပါတယ်။
(၂) ဓာတ်မတည့်မှု နည်းစေတယ် (Hypo-allergenic) လို့ ရေးထားတဲ့ နှုတ်ခမ်းနီတိုင်းက ဓာတ်မတည့်မှု လျော့နည် စေပါသလား။
Hypoallergenic လို့ ရေးထားတဲ့ နှုတ်ခမ်းနီတွေတိုင်းက ဓာတ်မတည့်မှု လုံးဝမဖြစ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ နည်းတယ်လို့သာ မှတ်ယူနိုင်ပါတယ်။ ဘယ်အလှပြင်ပစ္စည်းမှ ဓာတ်မတည့်မှု မဖြစ်နိုင်ပါဘူးလို့ အာမမခံနိုင်ပါဘူး။
(၃) နှုတ်ခမ်းကို ဘာကြောင့် အစိုဓာတ် ထိန်းပေးသင့်တာလဲ။
နှုတ်ခမ်းကို အစိုဓာတ် ထိန်းပေးတာကြောင့် နှုတ်ခမ်းမှာ အရေးကြောင်း ဖြစ်တာကို ကာကွယ်ပေးပြီး ရှိပြီးသား အရေးကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်။ မျက်နှာကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းတဲ့အခါ နှုတ်ခမ်းသားလေးတွေပါ မမေ့မလျော့ လိမ်းပေးပါ။ ပြီးမှ အပေါ်က နှုတ်ခမ်းနီဆိုးပါ။
(၄) ညမအိပ်ခင် နှုတ်ခမ်းနီတွေ ဘာကြောင့် ဖျက်သင့်တာလဲ။
နှုတ်ခမ်းနီ အပါအဝင် မျက်နှာမှာ ပြင်ဆင်ခြယ်သထားတာတွေကို ညအိပ်ယာ မဝင်မီမှာ ဖျက်ပေးဖို့ လိုပါတယ်။ တစ်နေကုန် ကပ်ငြိနေတဲ့ ချွေးတွေ၊ ဖုန်တွေ၊ အမှုန်တွေနဲ့ မိတ်ကပ်တွေ ပေါင်းပြီး မျက်နှာမှာ ချွေးပေါက်တွေ ပိတ်စေပါတယ်။
သင့်နှုတ်ခမ်းကိုလည်း သန့်တယ် မထင်လိုက်ပါနဲ့။ အစာစားတိုင်း သင့်နှုတ်ခမ်း မှာ ကပ်တင်ကျန်နေတဲ့ အစာအကြွင်းအကျန်တွေ ရှိနေနိုင်ပါတယ်။ သင်က နှုတ်ခမ်းနီကို မဖျက်ဘဲ ထပ်ထပ်ပြီး ဆိုးတတ်သူ ဆိုရင်တော့ နှုတ်ခမ်းနီမှာ ဖုန်မှုန့်တွေအပြင် အစာအမှုန်တွေပါ ကပ်ငြိနေနိုင်ပါတယ်။ အိပ်ယာမဝင်မီမှာ နှုတ်ခမ်းနီတွေကို သေချာစွာ သန့်စင်ဆေးကြောပြီးမှ အိပ်စက် အနားယူပါ။
(၅) နှုတ်ခမ်းနီဆိုးရာမှာ အသုံးပြုရတဲ့ စုတ်တံတွေ ဘာကြောင့် သန့်ရှင်းဖို့ လိုအပ်တာလဲ။
နှုတ်ခမ်းနီဆိုးရာမှာ အသုံးပြုရတဲ့ စုတ်တံတွေနဲ့ သင့်လက်ချောင်းတွေမှာ ဘက်တီးရီးယားပိုးတွေ ရှိနေနိုင်ပြီး သင့်ခန္ဓာကိုယ်တွင်းကို အလွယ်တကူ ကူးစက်ဝင်ရောက်နိုင်တာကြောင့် သန့်ရှင်းစွာထားဖို့ လိုပါတယ်။ နှုတ်ခမ်းနီ ဆိုးရာမှာ အသုံးပြုရတဲ့ စုတ်တံတွေက စိုစွတ်နေတာကြောင့် ဘက်တီးရီးယားပိုးတွေ ပေါက်ပွားရှင်သန်မှု အများဆုံးပါ။
အစိုဓာတ်ရှိရုံတင်မကဘဲ အပူနဲ့ ထိတွေ့မှု ရတာကလည်း ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားနိုင်ပါတယ်။ အပူဓာတ်က ဘက်တီးရီးယားတွေ မရှင်သန်နိုင်အောင် ကာကွယ်ပေးထားတဲ့ နှုတ်ခမ်းနီထဲမှာ ပါဝင်တဲ့ တာရှည်ခံစေတဲ့ အရာတွေကို ပျက်စီးစေတာကြောင့်ပါ။ ဒါကြောင့် နှုတ်ခမ်းနီဘူးတွေ ထားသိုတဲ့နေရာကနေ ရောင်ခြည်တိုက်ရိုက် ကျရောက်တဲ့နေရာ၊ အပူရနိုင်တဲ့ နေရာမျိုးတွေ မဖြစ်သင့်ပါဘူး။
(၆) နှုတ်ခမ်းနီတချို့မှာ ပါဝင်တဲ့ ခဲ (lead) က အန္တရာယ် ကင်းပါသလား။
နှုတ်ခမ်းနီတချို့မှာ ခဲ (Lead) အနည်းငယ် ပါဝင်တတ်ပါတယ်။ နှုတ်ခမ်းနီက ခန္ဓာကိုယ်ပြင်ပ၊ အပေါ်ယံမှာသာ အသုံးပြုတာဖြစ်ပြီး အနည်းငယ် ပမာဏလောက်သာ ခန္ဓာကိုယ်တွင်း ဝင်ရောက်နိုင်ခြေ ရှိပါတယ်။ အမေရိကန် FDA က နှုတ်ခမ်းနီတချို့မှာ ပါဝင်တဲ့ ခဲက ဘေးကင်းမှု မရှိဘူးလို့လည်း ပြောပါတယ်။
(၇) နှုတ်ခမ်းနီတောင့်တွေကို ဈေးကွက်အတွင်း မရောင်းချမီ FDA ရဲ့ ထောက်ခံချက်ကို ရယူပါသလား။
နှုတ်ခမ်းနီဘူး အပါအဝင် အလှပြင်ပစ္စည်း ထုတ်လုပ်ရောင်းချသူတွေဟာ FDA ရဲ့ ထောက်ခံချက်ကို ရယူတာမျိုး မရှိဘဲ ထုတ်လုပ်ရောင်းချတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အလှပြင်ပစ္စည်း ဝယ်ယူရာမှာ ကိုယ်နဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာနဲ့ အန္တရာယ် ဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေ မပါတာကို ရွေးချယ်ဝယ်ယူတတ်ဖို့တော့ လိုပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )