22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 2, 2012

""ဘာကြောင့် ဆန္ဒထုက်ဖော်တယ်ဆိုတာ မသိချင်ဘူးလား""

ဘင်္ဂါလီအရေးနှင့်ပတ်သက်၍နိုင်ငံတော်
သမ္မတအားထောက်ခံပြီး ကုလသမဂ္ဂ
အထူးကိုယ်စားလှယ်ကင်တားနားအား ကန့်ကွက်ဆန္ဒထုတ်ဖေါ်သည့်အစီအစဉ်ကို

မဟာအောင်မြေမြို့နယ်တွင်ယနေ့နံနက်(၁၀)နာရီမှ စတင်ကာ(၁၁)နာရီထိ (၁)


နာရီကြာပြုလုပ်ခဲ့သည်။

မန္တလေးမြို့ လူစည်ကားရာလမ်းမတစ်ခုဖြစ်သော ၈၄လမ်းနှင့် ၃၅လမ်းထောင့်မှစတင်ကာ အရှေ့ဘက် ၃၅ လမ်းတစ်လျှောက် ဆန္ဒထုတ်ဖေါ်ခဲ့သည်။

၃၅လမ်း ၈၁လမ်းထောင့်မှ တောင်ဘက်(၄၁)လမ်းထိ လမ်းလျှောက်ဆန္ဒုပြခဲ့ကြသည်။ တရားဝင်

ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီးဆန္ဒပြလူဦးရေ(၁၀၀)သာခွင့်ပြုသော်လည်း ထောင်ဂဏန်းကျော်ခန့်ရှိသော သံဃာတော်များနှင့် မြို့ ခံများကလိုက်ပါအားပေးကြပြီး မြို့ ခံများကလည်း ဆန္ဒထုတ်ဖော်သူများကဲ့သို့ 
ကင်တားနားကို ကန့်ကွက်သည့်ပုံပါတီရှပ်များ ၀တ်ဆင်အားပေးလိုက်ပါခဲ့ကြသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များလည်း ဆန္ဒထုတ်ဖေါ်ရာတွင်ပါဝင်ခဲ့ကြပြီးပြည်သူ့ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းများက လုံခြုံရေးတာဝန်ယူပေးခဲ့ကြသည်။ 
မန္တလေးမြို့ မစိုးရိမ်ကျောက်တိုက်ဆရာတော်ဦးဝီရသူက ကားဖြင့်လိုက်လံထိန်းသိမ်းပေးခဲပြီးမွန်းလွဲ(၁)နာရီအချိန်တွင် အောင်မြေသာစံမြို့နယ် ဆန္ဒထုတ်ဖေါ်ပွဲကို ၁၂လမ်း လမ်း ၈၀ထောင့်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖော်ပြပေးပါမယ်
7 day news 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )