22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 10, 2012

အမေရိကန် သံတမန်အဖွဲ့ရခိုင်သို့ရောက်ရှိ၊ အတူယှဉ်တွဲနေထိုင်ရေးသဘောထားကိုမေး

ရခိုင်ပြည်နယ်အရေး၌ရေရှည်ဖြေရှင်းနိုင်မည့်
နည်းလမ်းများတွင်ထိရောက်စွာကူညီနိုင်ရေး
အတွက် အဖွဲ့ဝင် ၁၁ ဦးပါ အမေရိကန် သံတမန်
အဖွဲ့သည် စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။


အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Joe Yun ၊ အမေရိကန်သံအမတ်ကြီး Mr. Derek 
Mitchell၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမာမင်းကြီးရုံး အကြီးအကဲ ဌာနေကိုယ်စားလှယ် Hans ten 
Feld တို့ ပါဝင်သော သံတမန်အဖွဲ့သည် Air Mandalay လေကြောင်းခရီးဖြင့် စစ်တွေသို့
 ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါသံတမန်အဖွဲနှင့်အတူ အဖွဲ့ဝင် ၇ ဦးပါသော လုံခြုံရေးနှင့် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်သည့်အဖွဲ့လည်းလိုက်ပါလာခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း ဒေသအလိုက် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီလူမျိုးများပျံ့နှံ့နေထိုင်မှုအနေအထားကို မြေပုံကားချပ်ဖြင့် ဟိုတယ် ဧည့်ခန်းမ၌ အကျယ်တ၀င့် ရှင်းပြခဲ့ကြောင်း 
သတင်းရရှိသည်။

ရခိုင်ပြည်နယ် အတွင်းဖြစ်ပျက်ခဲ့သည့် ပကတိအနေအထားများ၊ လူသားချင်းစာနာမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတကာမှလာရောက်မှုအခြေအနေ အရပ်ရပ်ကို ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးက ရှင်းပြပြီး ၊ 

Mr.Joe Yun က ရခိုင်ဒေသအတွင်း ရေရှည်ဖြေရှင်းရမည့် နည်းလမ်းများအနက် အတူယှဉ်တွဲနေထိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာရေးအပေါ် သဘောထားနှင့် အမေရိကန် ပြည်ထောင်စုအနေဖြင့် လူသားချင်းစာနာမှု အကူအညီများကိုဆက်လက်ပေးသွား
ရန်ရှိကြောင်း အစိုးရအဖွဲ့ရုံးခန်းမ၌ နေ့လည်အချိန် ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ ရွှေစေတီကျောင်း၊ မင်းဂံ၊ သက္ကေပြင်၊ ဘောဒူဖ စသောဒုက္ခသည် စခန်းများသို့ သွားရောက်ကာ ဒုက္ခသည်များအပါအ၀င် ပြုစုစောင့်ရှောက်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းတွင်
 မောင်တောမြို့သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော တိုင်းရင်းသားများကိုလည်း တွေ့ဆုံမေးမြန်ကာ ၊ နေ့လည်ပိုင်း၌် စစ်တွေမြို့သို့ ပြန်
လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

စက်တက်ဘာ ၉ ရက်နေ့ ၁ နာရီတွင် စစ်တွေဟိုတယ်၌ ဆရာတော်သံဃာတော်ကြီးများ နှင့်တကွ ရခိုင်သဟာယ၊ ၀ံလက် ဖောင်ဒေးရှင်း၊ ဒုက္ခသည်များကယ်ဆယ်ရေးကော်မတီ၊ Action Based Community Development (ABCD)၊ ယူတိုပီးယား စသည့် ရခိုင်လူမှုအဖွဲ့အစည်း ငါးဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့
ဆုံမေးမြန်းခဲ့သည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Joe Yun၏ ခရီးစဉ်တလျှောက်မေးမြန်းချက်များတွင် အဓိကအားဖြင့် ပဋိပက္ခဖြစ်ပွားရသည့်အခြေခံ အကြောင်းရင်းနှင့် ရေရှည် ငြိမ်းချမ်းစွာ အတူနေ
ထိုင်နိုင်ခြင်း ရှိ၊ မရှိ ကို အလေးထားမေးမြန်းခဲ့ကြောင်းသိရသည်။



ဆရာတော်ကြီးများ၊ရခိုင်လူမှုအဖွဲ့အစည်းများနှင့် ဒုက္ခသည်များကမူ ၁၉၄၂ခုနှစ်မှသည်ယနေ့အထိဘင်္ဂလီတို့၏ နယ်မြေလုသတ်ဖြတ်မှုကြောင့် ဒေသခံ 
ရခိုင်တိုင်းရင်းသားတို့၏ အသက် အိုးအိမ် စည်းစိမ်များစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး၊ နောင် အတူယှဉ်တွဲ ဆက်လက်နေထိုင်လျှင်လည်း ယခုထက် ပိုမိုးဆိုးရွားစွာဖြစ်ပွားရုံသာမက နိုင်ငံအချုပ်အခြာ နယ်နိမိတ်ပါဆုံးရှုံး၍ ရခိုင်လူမျိုးပါ ပျက်သုန်းပျောက်ကွယ်သွားနိုင်သဖြင့် ကျူးကျော်လာသူ 
ဘင်္ဂလီများနှင့် လုံးဝ အတူမနေလိုကြကြောင်း ပြတ်သားစွာငြင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်၍ စစ်တွေ နှင့် မောင်တော ဒေသများမှ သက်
ဆိုင်ရာ ပုဂ္ဂိုလ်များကို နှစ်ရက်တာ ကာလ တွေ့ဆုံမေးမြန်းပြီးနောက် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ ၉ ရက်နေ့ ညနေတွင်
 လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သတင်းရရှိသည်။


Arakan Times 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )