22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 18, 2012

""မလေးရှားတွင် လူငယ်တစ်ဦး အရက်သောက်၍ ဦးနှောက်သွေးကြော ပြတ်ပြီး ရုတ်တရက်သေဆုံး""

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့
ပူချုန်းနယ်တွင် ရခိုင်လူငယ်တစ်ဦး
အရက်သောက်၍ ဦးနှောက်သွေးကြော
 ပြတ်ကာ ရုတ်တရက်သေဆုံးကြောင်း
သတင်းရရှိသည်။


သေဆုံးသွားသူမှာမြောက်ဦးမြို့ နယ်ကျောင်းတောင်ကျေးရွာမှ
ကိုနေလင်း ဆိုသူဖြစ်ပြီး
အသက်၂၆ရှိသည်  ဟုသိရသည်။


""မနေ့ ညကနေ ကျွန်တော်တို့ သူငယ်ချင်းစုပြီး နည်းနည်းအရက်သောက်ကြတယ်။
ပြီးတော့ကိုယ်စီ ကိုယ်စီ  အခန်းမှာအိပ်ကြတယ်။ဒီနေ့  မနက်ကျတော်မြို့ ထဲကိုသွားမယ်ဆိုပြီး
ကိုနေလင်း နှိုးတော့  နှိုး လို့ မရတော့ဘူး။ သေချာစမ်းကြည့်လိုက်တော့
အသက်မရှိတော့ဘူး။ “ဟု သေဆုံးသွာသူ၏ သူငယ်ချင်း မောင်စိုးသန်းက
ရွှေမြန်မာမီဒီယာကိုပြောသည်။


မသေဆုံးမီ တစ်ရက် ၁၇. ရက်နေ့ ညနေကသူငယ်ချင်းများနှုင့် အရက်ဝိုင်း ဖွဲ့ 
သောက်ကာ ပင်ကာကိုအနီးတွင်ထား၍ဖွင့်ထားကြောင့် အအေးပတ်ကာ သေဆုံး
သွားသည်ဟုဆိုသည်။




မလေးရှားနိုင်ငံတွင် ယခုကဲ့သို့ အရက်သောက်ပြီး မြန်မာအမျိုးသားများ
မကြာခဏ သေဆုံးနေကြရသဖြင့် မလေးရှားတွင် ရောက်ရှိနေသော
မြန်မာများအတွက်စိက်မကောင်းဖြစ်ရသည်ဟု" ARRC  ထွေထွေအတွင်း
ရေးမူးကိုစောသန်းက ရွှေမြန်မာမီဒီယာယခု လို ပြောသည်။

""ဒီလို  မကြာခဏဖြစ်နေတာတွေမြင်ရ တွေ့ နေရတယ်။ကျနော်စိက်မကောင်းဘူးဗျ။
ဒီလို အရက်သောက်ရင်း ပင်ကာအောက်မှာ အိပ်ပျော်သွားပြီး သေဆုံးသွားတဲ့  မြန်မာတွေ မလေးရှားမှာအကြီးဖြစ်နေတယ်။သတိရှိရှိနဲ့ အသိပညာဥာဏ်လေးနဲ့  လုပ်ကြရင်
အရမ်းကောင်းမှာပဲဗျာ။"ဟုရွှေမြန်မာမီဒီယာကို ပြောသည်။

သေဆုံးသူ ကိုနေလင်းမှာအလုပ်ကိုင်မရှိစဉ် အတွင်းအရက်သောက်ရင်းယခုလိုအဖြစ်ဆိုးနဲ့ 
ကြုံခဲ့ရသည်ဟုဆိုသည်။

မလေးရှားတွင် မြန်မာများအတွက်  အလုပ်အကိုင်ရှာရခက်ခဲ့ပြီး"" Passport "" ရှိသူများကိုသာ
သူဌေးများကဦးစားပေးအလုပ်ခန့် အပ်လေ့ရှိကြောင့် ကိုစောသန်းပြောပြသည်။

ယခု သေဆုံးသူ ကိုနေလင်းကို နောက်အပတ်တနင်္ဂနွေနေ့ မှာသဂြိုလ်သွားမယ်လို့ 
သတင်းရရှိသည်။


ရွှေမြန်မာမီဒီယာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )