22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 18, 2012

ဗန်မော် - လိုင်ဇာသွား ကာလမ်းဘေးတွင် မိုင်းတစ်လုံး ပေါက်ကွဲ၍ ဒေသခံနှစ်ဦး ဒဏ်ရာရရှိ

ဒေါ့ဘုန်းယန်မြို့နယ်ခွဲ မြောက်ဘက်(၂)
မိုင်အကွာမှာရှိတဲ့ ဒိန်ဂါယန်ကျေးရွာအနီး
ဗန်မော် - လိုင်ဇာသွား ကားလမ်းဘေးမှာ
စက်တင်ဘာလ(၁၇)၇က်နေ့က KIA
အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား
လိုင်ဇာသို့ ဈေးဝယ်သွားသော
ဆိုင်ကယ်တစ်စိးမှ နင်းမိကာ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။


အဆိုပါပေါက်ကွဲမှုကြောင့် ဆိုင်ကယ်စီးနင်းလာသော ဒေသခံနှစ်ဦး မိုင်းစထိမှန်ခဲ့တယ်
လို့ သိရပါတယ်။

၎င်းတို့ မှာ ဗန်မော်မြို့ မင်းကျောင်းကုန်းရပ်ကွက်တွင်နေထိုင်သော လင်
မယားနှစ်ဦးဖြစ်ပါတယ်။



မိုင်းပေါက်ကွဲမှု ကြောင့် ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ခဲ့ပြီး ဒေါ့ဘုန်းယန်မြို့နယ်ခွဲမှာရှိတဲ့
 ပြည်သူ့ဆေးရုံကို ပို့ဆောင်၍ ဆေးဝါး ကုသမှု ခံယူလျက်ရှိတယ်လို့
သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံများမှာတော့ ဗမာစစ်တပ်နဲ့ KIA တို့ တိုက်
ပွဲဖြစ်ပွားခဲ့သည်မှာ တစ်နှစ် ကျော် ကြာမြင့်ခဲ့ပြီး စေ့စပ်ဆွေးနွေးရေးများ လုပ်ဆောင်
ခဲ့သော်လည်း ငြိမ်းချမ်းရေးမှာ အရိပ်အယောင်ပင် မတွေ့ရကြောင်းနဲ့ ကချင်လူမျိုးစုများ
အတွင်း KIA အဖွဲ့သည် တရားသောစစ်ပွဲ၊ ကချင်လူမျိုးကောင်းစားရေး၊ နိုင်ငံနှင့်
လူမျိုးအတွက် တိုက်ခိုက်နေကြောင်း စသည်ဖြင့် ကျယ်ပြန့်စွာ ၀ါဒဖြန့်ကာ
ကချင်ပြည်နယ်မှာရှိတဲ့ လူမျိုးစုတစ်ခုလုံး ပါဝင်တိုက်ခိုက်သော စည်းရုံးခြင်းများ
သာ ပြုလုပ် လျက်ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

ထိုသို့ပြောဆိုမှုတွေကြောင့် ယခင်ကတည်းက ရိုးသားအေးချမ်းစွာ နေခဲ့ကြသော
ကချင်လူမျိုးများသည် KIA ၏ ၀ါဒဖြန့် စည်းရုံးမှုများကို အမှန်တကယ်ထင်မှတ်ကာ
နားယောင်ပြီး KIA ဘက်၌သာ ပါဝင်နေသဖြင့် ကချင်ပြည်နယ် တိုးတက်ကောင်း
စားရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးမှာ ဘယ်လိုမှ ရနိုင်မှာမဟုတ်တဲ့ အတွက်
အစိုးရအဖွဲ့များမှ ကချင်ပြည်နယ်အတွင်း အမှန်တကယ်ဖြစ်ပျက်နေသော KIA
အဖွဲ့၏ လုပ်ရပ်များကို ပြည်သူ့ထံ အမှန်အတိုင်း ချပြသင့်တယ်လို့ KDN သတင်းဌာနသို့ ပြောဆိုလာခဲ့ပါတယ်။


ကချင်နေ့ စဉ်သတင်း
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )