22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 14, 2012

မြစ်ကြီးနားမြို့အနီး ရထားသံလမ်း ဗုံးကွဲ

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အ၀င် ရထားသံလမ်းမှာ ဒီနေ့ မနက် ၃ နာရီလောက်က မိုင်းဗုံး တလုံး ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။
မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းအပိုင်းမှာ ဗုံးပေါက်ကွဲတာဖြစ်ပြီး ဗုံးပေါက်ကွဲတာနဲ့ပတ်သတ်ပြီး အသေးစိတ်ကိုတော့ အမှတ် ၂ ရဲစခန်းက ပြောကြားခြင်း မရှိပါ။
ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နဲ့  မြန်မာ တပ်မတော်တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်းမှာ မြစ်ကြီးနား မန္တလေး မီးရထားလမ်းမှာ ရထားလမ်းကို ဗုံးခွဲ တိုက်ခဲ့တာတွေ ကို ကေအိုင်အေက လုပ်ဆောင်ခဲ့တာလို့ မြန်မာအစိုးရ သတင်းစာတွေမှာ ရေးသား ထားပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ကချင်ပြည်နယ် ဟိုပင်ဘူတာ အနီးမှာလည်း ဗုံးတလုံးပေါက်ကွဲခဲ့ပြီး လူအသေအပျောက် မရှိခဲ့ပါဘူး။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )