22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 3, 2012

'' ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊ မဟာမုနိနှင့် ရှမ်းပြည်နယ် မိုင်းလားဒေသသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ သွားရောက်ခွင့် မပြုတော့ကြောင်း ထုတ်ပြန်လိုက်ပြီ""

ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊
 ဝေသာလီ၊ မဟာမုနိနှင့် ရှမ်းပြည်နယ်
မိုင်းလားဒေသသို့ နိုင်ငံခြားသား
 ခရီးသွားဧည့်သည်များအား


လတ်တလောတွင် သွားရောက်ခွင့်မပြုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်
ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်ဟု သိရှိရသည်။

၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် နယ်မြေဒေသ အခြေအနေအရ စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊ မဟာမုနိ၊ မိုင်းလား ခရီးစဉ်များအား သွားရောက်ခွင့်မပြု ကြောင်းနှင့် သွားရောက်ခွင့် ပြန်လည်ခွင့်ပြုပါက ထပ်မံအကြောင်းကြားမည်ဖြစ်ကြောင်း ပါရှိခဲ့သည်။

''ထုတ်ပြန်ထားတာ ဟုတ်ပါတယ်။ သတင်းထုတ်ပြန်ချက် အသစ်ထပ်ထုတ်တာ မရှိခင်အထိ အဲဒီထုတ်ပြန်ချက်ဟာ အတည်ပါပဲ''ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခု နှစ် ဇွန်လမှစတင်ပြီး နယ်မြေအခြေ အနေမငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ကာ ယခုအခါတွင် စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊ မဟာမုနိသို့ ခရီးသွား ဧည့်သည်များ သွားရောက်ရန် ခွင့်မပြုကြောင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်သည် နိုင်ငံခြားသားခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ရန် စိတ်ဝင်
စားသော ခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး သံတွဲရှိ ငပလီကမ်းခြေ၊ မြောက်ဦးဒေသ၊ မြောက်ဦးမြို့၏
 မြောက်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိသော ဝေသာလီမြို့ဟောင်း၊ ကျောက်တော်မြို့
မှတစ်ဆင့် သွားရောက်ရသည့် မဟာမုနိဘုရားကြီး စသည်တို့မှာ စိတ်ဝင်စားဖွယ်
ခရီးစဉ်များ ဖြစ်ကြသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းလားဒေသသည် နယ်စပ်ဝင်ပေါက်တစ်ခုလည်းဖြစ်ပြီး ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ ၀င်ရောက်လာသော ခရီးသွားများအား Entry Permit  ဖြင့် ယင်းဒေသသို့ ၀င်ရောက်ခွင့်ပြုကာ လာလမ်းအတိုင်း ပြန်လည်ထွက်ခွာခွင့်ပြုထားသော ဒေသဖြစ်သည်။

ယခုအခါတွင် နယ်မြေအခြေအနေပေါ် မူတည်၍ ခရီးသွားဧည့်သည်များ သွားရောက်ခွင့်မပြုသော ဒေသများတွင် မိုင်းလားဒေသလည်း ပါဝင်လာခြင်းဖြစ်သည်။
''လာမယ့် ပွင့်လင်းရာသီမှာတော့ ဒီဒေသအားလုံးကို ပြန်ပြီးခွင့်ပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်''ဟု ဦးတင်ထွန်းအောင်က ပြောကြားခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက အသင်းဝင်ကုမ္ပဏီများ သိရှိနိုင်ရန် ထပ်ဆင့်အကြောင်း
ကြားထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများနှင့်
ပတ်သက်၍ ခွင့်ပြုဒေသများနှင့် ကန့်သတ်ဒေသများ စသည်ဖြင့် ရှိနေသည်။

မြန်မာနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည်များနှင့် နိုင်ငံခြားသားဧည့်သည်များ လှည့်လည်သွား
လာနိုင်သည့် ခရီးစဉ်ဒေသများတွင် ကြို တင်ခွင့်ပြုချက်ဖြင့် သွားလာခွင့်ရသည့်ဒေသများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်တို့တွင်
တည်ရှိနေသည်။

Eleven Media Group
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )