22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 3, 2012

မယူမြစ်ကြောင်း တိမ်ကောမှုများကြောင့် ခရီးဆိုက်ရောက်ချိန် နောက်ကျမှုများရှိနေ

စစ်တွေ-ဘူးသီးတောင် သင်္ဘောရေကြောင်း
လမ်း မယူမြစ်ကြောင်းတစ်လျှောက်ရှိ နေရာ
အချို့ရေအောက် ကြမ်းပြင်မြင့်တက် တိမ်
ကောလာမှုများကြောင့် သင်္ဘောများမှာ ပုံမှန်အမြန်နှုန်းကို လျှော့ချခုတ်မောင်း

သွားလာနေရကြောင်း ဓည၀တီ(၃)သင်္ဘောမှ အရာထမ်းတစ်ဦးက
 ဆိုသည်။



မယူမြစ်တိမ်ကောလာရခြင်း၏အဓိကအကြောင်းအရင်းမှာ  မြစ်ဖျားပိုင်းဒေသမြစ်လက်တက်
တစ်ဖက်တစ်ကမ်း၌မိုးရာသီတွင်သဘာဝအလျှောက်  ချောင်းကမ်းပါများ ပြိုကျဖြစ်စဉ်နှင့်
တောင်မြေတောင်စောင်းပြိုကျမှုဖြစ်စဉ်များကြောင့် အနည်များမှာ ရေစီးနှင့်အတူ
  မြစ်ကြောင်းတစ်လျှောက် ပို့ချ အနည်ထိုင်လာခြင်းကြောင့်ဖြစ်ကြောင်း  ဒေသတွင်း သဘာဝပတ်ဝန်းကျင်အရေးလေ့လာသူများထံက သိရသည်။

 မြစ်ကြောင်းတစ်လျှောက်  ရေယာဉ်လမ်းများကောင်းမွန် ကြံ့ခိုင်မှုများရှိခဲ့စဉ်  လွန်ခဲ့သော(၁၀)နှစ်ကျော်က ရေလမ်းခရီးအရှည် မိုင်ပေါင်း(၉၀)ကျော်ရှိသော စစ်တွေ-ဘူးသီး တောင်ခရီးစဉ်ကို(၆)နာရီခန့်သာ  ခုတ်မောင်းသွာလာရကြောင်း စစ်တွေသင်္ဘော
 ကျင်းမှ  အသက်(၅၀)ကျော်ဝန်းကျင်ခန့် ၀ါရင့်သင်္ဘောသားကြီးတစ်ဦးက ပြောသည်။



“  ၁၉၉၆ ခုနှစ် စစ်တွေ-ဘူးသီးတောင် ဓည၀တီသင်္ဘောပြေးဆွဲစဉ်က  အဲဒီခရီးကို (၆)နာ
ရီဝန်းကျင်လောက် ဆိုရောက်ပြီ၊ရေကြောင်းလမ်း အချို့နေရာတွေမှာ ရေအောက်မြစ်ကြမ်းပြင် တစ်နှစ်ထက်တစ်နှစ်  မြင့်တက်လာမှုနဲ့ အတူ ရေအနက်လျော့နည်းလာလို့  အဲဒီနေရာတွေမှာဆို
သင်္ဘောရဲ့ အမြန်နှုန်းကို လျှော့ချခုတ်မောင်းလာရပါတယ်။

ဒီလိုခုတ်မောင်းလာရတော့  ခရီးဆိုက်ရောက်ချိန် နောက်ကျကြာမြင့်လာပြီး အခုနှစ်တွေမှာဆို  (၉)နာရီကျော် အထိတောင် ကြာမြင့်လာပါတယ်’’ဟု အဆိုပါ  ဓည၀တီ(၃)မှ  ၀ါရင့်သင်္ဘောသားက ပြောသည်။



လက်ရှိတွင် မြန်မာ့ရေကြောင်းပို့ဆောင်ဆက်သွယ်ရေမှ နေ့စဉ်နံနက်(၇) အချိန်တွင် စစ်တွေမှ ဘူးသီးတောင်သို့  အသွား   တစ်စီးနှင့် အလားတူအချိန်အတိုင်း  ဘူးသီးတောင်မှ စစ်တွေသို့အလာ တစ်စီးခုတ်မောင်းပြေးဆွဲလျက်ရှိသည်။



စစ်တွေ-ဘူးသီးတောင် ရေကြောင်းလမ်းတွင် လွန်ခဲ့သော(၂) နှစ်ကစတင်၍ ပုဂ္ဂလိက ရှပ်ပြေး အမြန်ရေယာဉ်များ ၀င်ရောက်   ပြေးဆွဲမှုများ ရှိနေသော်လည်း  ကုန်သည်ခရီးသွားအများစုမှာ
 စရိတ်စက သက်သာသော  အစိုးရပိုင်သင်္ဘောများကိုသာရွေးချယ် စီးနင်းသွားလာမှုများကြောင်း ဒေသတွင်းခရီးသွားကုန်သည်တစ်ဦးက ဆိုသည်။



သို့သော် ခရီးဆိုက်ရောက်ချိန် နောက်ကျမှုအချိန်ကြာမြင့်လာသည်နှင့်အမျှ ညဉ့်အိပ်
တစ်ထောက်နားပြီးမှ လိုရာခရီးသို့သွား လာနေရသဖြင့် ငွေနှင့်အချိန်ကုန်ကျမှု
အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်းကိုလည်း ၄င်းက
ဆက်ပြောသည်။

 ‘’စစ်တွေ-ဘူးသီးတောင် ခရီးက အရင်လို(၆)နာရီလောက်နှင့်  မရောက်တော့ဘူ။
(၉)နာရီကျော် (၁၀)နာရီအထိကြာမြင့်လာပါတယ်။

စစ်တွေနှင့်အမြင့်ကျွန်းကျေးရွာအကြားနှင့် ဘူးသီးတောင်မှ ညောင်ချောင်း  ဆိပ်ကမ်း
အကြားမြစ်ကြော အချို့နေရာ တွေမှာ သင်္ဘောသောင်တင်တာတို့  ဒီရေအတက်ကိုစောင့်
ဆိုင်းပြီး  သွားလာနေရမှု တွေကမြစ် ရေနည်းပါးချိန်  ပွင့်လင်းရာသီတွေမှ မဟုတ်ဘဲ
မိုးရာသီတောင် ဒီလို အခြေအနေမျိုးတွေ ကြုံတွေ့ရမှုများလားတော့ နောက်ကျတာပေါ့
’’ ဟု စစ်တွေ-ဘူသီးတောင် ပုံမှန်ခရီးသွားလေ့ရှိသူတစ်ဦးက ပြောသည်။



ရေရှည်အနာဂါတ်ရေကြောင်းသွားလာမှုများအတွက် ခြိမ်းခြောက်လာသည့်  မြစ်ကြော
တိမ်ကောမှု များဖြစ်ပေါ်လာခြင်းများအား တူးဖေါ်ရှင်းလင်းခြင်း၊ မြစ်ကြောပြုပြင်
ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အရေးကြီးလိုအပ်နေကြောင်းကိုလည်း အထက်ပါ ၀ါရင့်သင်္ဘောသားက တိုက်တွန်း ပြောကြားထားသည်။

မြစ်မခမီဒီယာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )