22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 18, 2012

တိုင်းရင်းသားညီးလာခံ ကြေညာချက်ထုတ်ပြန်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပခဲ့သော ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံမှ ငြိမ်းချမ်းရေးစီမံချက်လမ်းပြမြေပုံ ၆ ချက်ကို သဘောတူဆုံးဖြတ်ပြီး ကြေညာချက် ထုတ်ပြန်လိုက်သည်။
Screen-shot-2012-09-17-at-4.04.07-PM
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အထွေထွေအတွင်းရေးမှူး စောမြရာဇာလင်းက “ကျမတို့ တိုင်းရင်းသားညီလာခံဟာ လွတ်မြောက်နယ်မြေတစ်ခုမှာကျင်းပခဲ့တာကို ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေအပြင် ပြည်ပကအဖွဲ့အစည်းတွေကိုသိစေချင်တယ်၊ ပြီးတော့ ဒီညီလာခံမှာ ချမှတ်ထားတဲ့ အချက်တွေပေါ်မှာလဲ သိစေချင်တဲ့ရည်ရွယ်ပြီးတော့ ထုတ်ပြန်ချက် ထုတ် လိုက်တာပါ” ဟု ပြောသည်။

တိုင်းရင်းသားလူမျိုးများညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စက်တင်ဘာလ ၁၄ ရက်နေ့မှ သုံးရက်အကြာကျင်းပခဲ့ပြီး စက်တင်ဘာ ၁၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၉ ဖွဲ့၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ပြည်တွင်း တိုင်းရင်းသားပါတီကိုယ်စားလှယ်များ၊ UNFC, ENC,UNLD(LA)၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု NDF ကိုယ်စားလှယ်များနှင့် နိုင်ငံတကာမှ တိုင်းရင်းသားကိုယ်စားလှယ်များ စုစုပေါင်း ၁၃၀ ကျော်တက်ရောက်ခဲ့သည်။

ညီလာခံမှ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်း ရေးစီမံချက်(Ethnic Peace Plan) ၆ ချက်ပါ လမ်းပြမြေပုံတို့ကို အတည်ပြုခဲ့ကြသည်။

ယင်းစီမံချက် ၆ ချက်တွင် အစိုးရထိုးစစ်ဆင်မှုရပ်တန့်ရေး၊ နှစ်ဘက်တပ်များ လိုက်နာရ မည့် ကျင့်ဝတ် စည်းကမ်းများ၊ အပစ်အခတ်ရပ်စဲရေးကာလ၌ လူထုလုံခြုံရေး အာမခံချက်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံတကာလေ့လာရေးအဖွဲ့များ ပါဝင်ခွင့်ပြုရန် စသည့်အချက်များ ပါဝင်သည်။
 ၂၀၁၂ တိုင်းရင်းသားညီးလာခံ
၂၀၁၂ တိုင်းရင်းသားညီးလာခံ

ကချင်ပြည်နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်ကိုသောင်းကျော်ရှိနေပြီးဖြစ်သည့်အပြင် ရခိုင်ပြည် နယ်တွင်လည်း အဓိကရုဏ်းကြောင့် အသက်ပေါင်းများစွာဆုံးရှုံးခြင်း၊ အနာတရဒဏ်ရာရရှိခြင်း၊ အိုးအိမ်ဥစ္စာဓနများ ပျက်ဆီးဆုံးရှုံးမှုများအတွက် အထူးစိုးရိမ်ပူပန်ကြောင့်နှင့် ယင်းကိစ္စများအား အစိုးရမှ အမြန်ဆုံးဖြေရှင်းရန် လိုအပ်ကြောင်း ၎င်းထုတ်ပြန်ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

ပြည်ထောင်စုအစိုးရ၏ ကြိုတင်ချမှတ်ထားသော အချက်(၈) ချက်ပါ ပြည်ထောင်စုအဆင့်ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များသည် တရားမျှတပြီးစစ်မှန်သောငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင် မည် မဟုတ်သဖြင့် အချက်(၆) ချက်ပါ တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ်ကို ၎င်းညီလာခံကြီးမှ ချမှတ်ခဲ့ရပြီး အဆိုပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှစ်ရပ်ကို ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲကို အစပျိုးသွားရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )