22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 18, 2012

အစိုးရတပ်နှင့် KIA တို့ ဌာနချုပ် လိုင်ဇာအနီးတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေ

တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေး
တပ်ဖွဲ့ KIA ၏ ဗဟိုဋ္ဌဌာနချုပ် လိုင်ဇာမြို့ အနီး ထိုးစစ်ဆင်တိုက်ခိုက်လာသော အစိုးရ တပ်ဖွဲ့
များကို KIA နှင့် ABSDF (မြောက်ပိုင်း) ကျောင်း

သားတပ် ပူးပေါင်းအဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်နေရာ  ယနေ့ နံနက်
၅ နာရီခွဲခန့်ကစ၍ ယခု သတင်းရေးသားနေချိန် မွန်းလွဲပိုင်းအထိ နှစ်ဘက်တိုက်ပွဲ
 ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

မြစ်ကြီးနား - ဗန်းမော်ကားလမ်း အနီး KIA ဋ္ဌဌာနချုပ်လိုင်ဇာနှင့် ၅ မိုင်ဝန်းကျင်ခန့်
အကွာရှိ လဂျာယန်ရွာနှင့် တုံဖုန်းယန်ရွာ အထက်ပိုင်း နှစ်နေရာတွင် နှစ်ဘက်တိုက်ပွဲ
 ဖြစ်ပွားနေခြင်းဖြစ်ပြီး အစိုးရတပ်ဘက်မှ လက်နက်ကြီးများဖြင့်
တရစပ်ပစ်ခတ် နေကြောင်း ရှေ့တန်းရောက် ကျောင်းသားတပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။“အစိုးရတပ်ဘက်က အင်အားများတယ်။


                                                 KIA တပ်မတော် (ဓါတ်ပုံ- nytime)

 ပြန့် ဘက်ကနေ တက်လာတာ ။ အခု လက်နက်ကြီးတွေနဲ့ တရစပ်ပစ်နေတယ်။
အခု လက်နက်ငယ်တွေနဲ့ ပစ်နေကြပြီ ” ဟု သူက ပြောသည်။

KIAတပ်ဖွဲ့မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်လျှက်ရှိရာ အစိုးရတပ်များ
 လူစုကွဲကာ ကစဉ့်ကလျား ဖြစ်နေကြောင်း သူက ဆက်ပြောသည်။

“အခုလောလောဆယ်အထိ အစိုးရတပ်ဘက်က စခန်းသိမ်းနိုင်တာမရှိသေးဘူး။
လဂျာယန်နားမှာရှိတဲ့ သူတို့တပ်ကုန်းကို လူအင်အား ၁၀ဝ ကျော်လောက်
 တက်သွားတယ်။

 ပြန့်မှာတော့ အများကြီးရှိနေသေး တယ်။ (KIA) ဒီဘက်ကလည်း ၁၂၀ တွေနဲ့ အဲဒီကုန်းကိုရော ပြန့်ဘက်ကိုရော လှမ်းပြီးထုနေတယ်။

တချို့နေရာတွေမှာ လူနဲ့ပိတ်ပြီး မိုင်းတွေလည်း ထောင်ထားတယ် ”
 ဟု သူက ဆိုသည်။

လတ်တလော အစိုးရတပ်ဘက်မှ KIA ၏ ဗဟိုလုံခြုံရေးတပ်ဖြစ်သော
တပ်မဟာ (၅) နယ်မြေနှင့် ဗန်းမော်ခရိုင် လွယ်ဂျယ် အနီးရှိ စခန်း တစ်ခုအား
ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများ
ရှိကြောင်း သိရသည်။

သျှမ်းတော်ဆင့်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )