22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 7, 2012

ဘန်ကောက်တွင် စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းဆီး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၂၂
 နှစ်အရွယ် လူငယ် တစ်ဦးအား စိတ်ကြွဆေးပြား
သုံးသန်း သုံးသိန်းနှင့် အတူရဲက ဖမ်းဆီးလိုက်
သည်ဟု အေပီ သတင်း တစ်ပုဒ်တွင်
 ဖေါ်ပြထားသည်။



ဘန်ကောက်မြို့ အနောက်ဘက် အစွန်းအဖျား နေအိမ်တလုံးအား ရဲတပ်ဖွဲ့က ၀င်ရောက်
ရှာဖွေစဉ် အဆိုပါ ဆေးပြားများကို လူငယ် တစ်ဦးနှင့်အတူ စက်တင်ဘာ ၅ရက် နေ့က
ဖမ်းဆီ ရမိခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံမှ ထုတ်လုပ်သော စိတ်ကြွဆေးပြားများ ၀င်ရောက် လမ်းကြောင်းနှင့်
အရှေ့တောင် အာရှ၏ ဈေးကွက် တစ်ခု ဖြစ်နေသည်ဟု ဆိုသည်။

ယခုနှစ်အတွင်း စိတ်ကြွဆေးပြား အမျိုးမျိုး ၄ သန်းခန့် ထိုင်းနိုင်ငံ အတွင်း တင်သွင်းလာခြင်းကို
 ထိုင်းရဲအဖွဲ့က တားဆီး နိုင်ခဲ့ပြီး  ယခု ဖမ်းဆီးရရှိမူသည် အရေအတွက်  အားဖြင့် ဒုတိယ အကြိမ် အများဆုံးဖြစ်သည်ဟု ပြောသည်။

အဖမ်းခံရသူ Sophon Sawaengsuk က ၎င်းမှာ အဆိုပါ အိမ်အား စောင့်ရှောက်သူ ဟု
 ပြောဆိုသော်လည်း သူ့မှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်း ခရိုင်မှ မူးယစ်ဂိုဏ်း အဖွဲ့ဝင် တစ်ဦး ဖြစ်နိုင်သည်ဟု ရဲအရာရှိက ပြောသည်။

နိရဉ္စရာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )