အာဖဂန်နစ္စတန် တောင် ပိုင်းတွင် ဗုဒ္ဓဟူးနေ့ကအာဖဂန် အမျိုး သား တပ်မတော် (ANA)
ယူနီဖောင်း ဝတ်ဆင်ထားသည့် လူတစ်ဦး၏
ပစ် ခတ်မှုကြောင့် နေတိုး တပ်ဖွဲ့ဝင် (၃)
ဦးသေဆုံးသွားခဲ့ကြောင်း ညွန့်ပေါင်း တပ်ဖွဲ့က ကြာသပတေးနေ့ နံနက် တွင်
အတည်ပြုခဲ့သည်။
အာဖဂန် စစ် သားများ၊ ရဲသားများ၊ သို့မဟုတ် သေနတ်သမားများသည် စစ်ယူနီ ဖောင်းဝတ်ဆင်ပြီး နိုင်ငံတကာတပ်ဖွဲ့ ဝင်များအား ပစ်ခတ်မှုများ ပြုလုပ်ခဲ့ ရာ
သေဆုံးမှုများရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုမှာ အတွင်းလူတိုက်ခိုက် မှုများတွင် နောက်ဆုံးတိုက်ခိုက်မှုများ ဖြစ်ခဲ့သည်။
အာဖဂန်အမျိုးသား တပ် မတော် ယူနီဖောင်း ဝတ်ဆင်ထားသူ တစ်ဦးက အာဖဂန်တောင်ပိုင်းရှိ နိုင်ငံ
တကာ လုံခြုံမှုထောက်ပံ့ရေးအဖွဲ့က (ISAF) ဝင်များကို ပစ်ခတ်ခဲ့သဖြင့် လူ(၃)ဦးသေဆုံးသွားကြောင်း
နေတိုး ဦးဆောင်သည့်ISAFက အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ခဲ့သည်။
ပစ်ခတ်မှု နှင့်ပတ်သက်၍စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသော်လည်းISAF ပေါ်လစီအရ
သေဆုံးသွားသူများမှာ မည်သည့်နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြခဲ့ခြင်း မရှိချေ။
သို့သော် အာဖ ဂန် စစ်ဘက်အရာရှိတစ်ဦးက ဩစ တြေးလျစစ်သားများဖြစ်ကြောင်း ပြောကြားခဲ့သည်။ယခုနှစ်စကတည်း က အတွင်းလူတိုက်ခိုက်မှု ၃၄ ခုရှိခဲ့ပြီး နေတိုးနှင့် အမေရိကန်စစ်သား (၄၅) ဦးသေဆုံးခဲ့ကြောင်း သိရသည်။
Ref: AFP
11:40 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com