22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, September 15, 2012

အတွေ့အကြုံ တိုးပွားစေရန် ဘာကလေကို ရှက်ဖီးလ်သို့ အဲဗာတန် အငှားစေလွှတ်

အဲဗာတန် အသင်းမှ လူငယ် ကွင်းလယ် ကစားသမားလေး ရော့စ်ဘာကလေသည် ပွဲထွက် ကစားခွင့် အတွေ့အကြုံ ရှာမှီးရန်အတွက် ချန်ပီယံရှစ် ကလပ်အသင်း ရှက်ဖီးလ် ဝက်နက်စ်ဒေးသို့ အငှား ပြောင်းရွှေ့သွားပြီ ဖြစ်သည်။
အသက်(၁၈)နှစ်ရှိ ဘာကလေသည် ဝိန်းရွန်နီ နောက်ပိုင်းတွင် အဲဗာတန် လူငယ် စီမံကိန်းမှ ထွက်ပေါ်လာသည့် အတောက်ပဆုံး သွေးသစ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပွဲထွက်နေရာ ပျောက်ဆုံးကာ မှေးမှိန်လာခဲ့ရသည်။ အဲဗာတန် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ အစောပိုင်းက ပထမ အသင်း ပွဲထွက် လူစာရင်းတွင် အသုံးပြုခဲ့သော လူငယ်လေးအား ဒီဇင်ဘာလက (၅)နှစ် သက်တမ်းတိုး စာချုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပွဲထွက် နေရာ၌ အသုံးမပြုတော့ချေ။


မန်ချက်စတာ ယူနိုက်တက်နှင့် ချယ်လ်ဆီး အသင်းများက ပစ်မှတ် ထားခဲ့ဖူးပြီး ချယ်လ်ဆီးက ပေါင်စတာလင် သန်း(၂၀)ဖြင့် ခေါ်ယူမည်ဟု သတင်းထွက်ခဲ့ဖူးသည့် အင်္ဂလန် လူငယ် ကစားသမားလေးသည် ယခုအခါ ချန်ပီယံရှစ် ကလပ်သို့ အငှားပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ မိုယက်စ်က ကစားသမား၏ အနာဂတ်ကို အရှည်မျှော်တွေးကာ ယခုလို အငှားချခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ရှက်ဖီးလ် မန်နေဂျာ ဒေ့ဗ်ဂျုံးစ်က "ဘာကလေဟာ စွမ်းအင် ပြည့်ဝတဲ့ ကစားသမားပါ။ သူ့ကို ခေါ်ယူနိုင်ခဲ့တာကို ကျေနပ်ပါတယ်" ဟု ဆိုသည်။

ဘာကလေသည် အဲဗာတန်တွင် ပထမ အသင်း ကျောနံပါတ် (၂၄)ကို ဝတ်ဆင်ခွင့် ရခဲ့သူဖြစ်ပြီး ယခုအခါ ရှက်ဖီးလ် အသင်းအတွက် ဘရိုက်တန်နှင့် ပွဲတွင် စတင်ကစားရန် မျှော်လင့်ထားသည်။
အသက်(၁၈)နှစ်ရှိ ဘာကလေသည် ဝိန်းရွန်နီ နောက်ပိုင်းတွင် အဲဗာတန် လူငယ် စီမံကိန်းမှ ထွက်ပေါ်လာသည့် အတောက်ပဆုံး သွေးသစ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )