22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, September 15, 2012

ဖားကန့်တွင် လက်နက်ကြီးကျ၍ ဒေသခံ ၁ဦးသေ ၈ဦးဒဏ်ရာရ ( သတင်းအပြည့်အစုံ)


ကချင်ပြည်နယ် ဖားကန့် မြို့နယ် မှော်ဝှမ်း
ကချင်နှစ်ခြင်းဘုရားကျောင်းရှိ ဒုက္ခသည်စ
ခန်းနှင့် အစိုးရမူလွန်ကျောင်း ကြားတွင်
စက်တင်ဘာလ ၁၃ ရက် ကြာသပတေးနေ့


 ညနေ ၅ နာရီချိန် ပြင်းထန်သည့် လက်နက်ကြီး ပေါက်ကွဲလွင့်စင်လာသောကြောင့်
 ဒေသခံ ၈ ဦး ဒဏ်ရာ ရပြီး ၁ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရတပ်များ တပ်ချထားသော ရွာအနီးနေရာတ၀ိုက်တွင် လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဗုံးပေါက်ကွဲမှုနှင့် သေနတ်များဆက်တိုက်ပစ်ဖောက်လာချိန်
အဆိုပါဒေသခံ ၅ ဦး ကို ထိခိုက်ပြီး ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန် (Ja Seng Ing) ကို အမြောက် ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေတစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကျောင်းဆင်းချိန်ဖြစ်တယ်။ သေနတ်သံတွေအရမ်းမြည်လာတော့ ပုန်းကြသေးတယ်။
ဒါမယ့် ဂျာဆိုင်းအိန်ကို ကျည်ဆံလာထိမှန်သွားတော့ သေသွားတယ်။ ဆရာမ
၂ ယောက်က ဂျာဆိုင်းအိန်ရဲ့ ရုပ်အလောင်းကို သယ်ခဲ့တာ။”

အဆိုပါသေဆုံးသွားသော ကျောင်းသူမလေးသည် ဆွတ်ငိုင်ယန်ရွာ (Sut Ngai Yang) တွင် နေထိုင်သောကျောင်းသူဖြစ်ပြီး ၄င်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်သွားသူများမှာ ဦးယာကုတ်အသက် (၃၀) ကလေးကျောင်း သွားကြိုချိန် ခြေဖနှောက် နှစ်ခုတွင်
ဗုံးစများထိမှန်ပြီး မဆိုင်းပန် (Seng Pan) ဆိုသူသည် ခြေတလုံးတွင်ထိမှန်ကာ
မိခင်ဖြစ်သူကို နားတွင် ထိမှန်သွားခဲ့ကြောင်း သိရသည်။

ထို့အတူ မှော်ဝှမ်းရပ်ကွက်နေ ဦးလဘူခွန်ဆိုင်း (Salang Labu Hkun Seng) နှင့် သမီးဂျာ
လုအောင် (Ja Lu Awng) သည် ဖိနပ်သွားဝယ်ချိန် မျက်နှာတည့်တည့်တွင် ဗုံးပေါက်
ကွဲလာပြီး ပါး၊ မျက်စိ နှင့် ရင်ဘတ်များတွင် ထိမှန်ကာ သမီးဖြစ်သူမှာ ညာဘက် လက်တွင်
ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။




                                  မြန်မာအစိုးရတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော 




လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသောသူများသည် ယခုချိန် ဖားကန့်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ၄င်းတို့အားကူညီပေးနေသူ KNG ကချင်သတင်းဌာနသို့ပြောသည်။

ထိုသို့ ဒေသခံများရှိသည့်နေရာများသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် မည်သည့်
တပ်ဘက်မှ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မသိရှိရသေးပေ။

အဆိုပါပေါက်ကွဲမှုသည် ထိုညနေတွင် မြန်မာအစိုးရတပ်သားများ အရက်သေ
စာများသောက်စား မှုးယစ်ပြီးပြန်လာချိန် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်လာပြီးနောက်
 ထိုကဲ့သို လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံများ ဖြစ်ပေါ်လာကာ

ဆက်တိုက်ပစ်ခတ်လာခဲ့ခြင်းဖြစ်ကြောင်း မှော်ဝှမ်းနှစ်ခြင်းဒုက္ခသည်စခန်းမှ
သိရသည်။


ထိုဗုံးပေါက်ကွဲမှုဖြစ်ပွားရာတွင် မြန်မာအစိုးရတပ်မှ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ
ရရှိခဲ့ကြောင်း
သိရသည်။

ယခုချိန် မြန်မာအစိုးရတပ်သည်လည်း ဒေသခံများ၏ နေအိမ်အတွင်းသို့ အဓမ္မဝင်ရောက်ပြီး
ပိုက်ဆံများ၊ ပစ္စည်းများလုယက် လျက်ရှိနေကြောင်း လက်စွပ်လုယူခံသွားရသော
 ဒေါ်အာနမ် KNG ကချင်သတင်းဌာနသို့ပြောသည်။

ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရတပ်ကြား တင်းမာမှုများအရှိန်မြင့်နေချိန် နှစ်ဖက်တိုက်ခိုက်ရန် အသင့်နေရာယူထားချိန်ဖြစ်သောကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ပြီး ဒေသခံများလည်း သွားလာရန်ကြောက်လန့်နေကြသည်။

ကချင်း သတင်းဌာန
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )