22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, September 15, 2012

၂၀၁၂ ရှုံးထွက်ဖလား မဲခွဲမှု ပြုလုပ် ~ လက်ရှိ ချန်ပီယံ ရန်ကုန်တို့ မကွေးနှင့် ရင်ဆိုင်ရမည်


 

MFF Digicel Cup 2012 မဲခွဲမှုအား စက်တင်ဘာ ၁၄ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ကျင်းပခဲ့ရာ လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်း အနေဖြင့် မကွေး အသင်းနှင့် ရှုံးထွက် အဆင့်တွင် စတင် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

မဲခွဲမှု အရ ၂၀၁၀ ချန်ပီယံ ဟံသာဝတီ ယူနိုက်တက် အသင်းမှာမူ ဆောက်သမ်း မြန်မာအသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ နာမည်ကြီး အသင်းတစ်သင်း ဖြစ်သည့် ရတနာပုံ အသင်းမှာမူ မနောမြေနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ကမ္ဘောဇ အသင်းမှာမူ ချင်း ယူနိုက်တက် အသင်းနှင့် ပွဲချောင်နေသည်ကို တွေ့ရသည်။ ဧရာဝတီ အသင်းမှာမူ ကာကွယ်ရေး အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်ကာ နေပြည်တော် အသင်းမှာမူ ACE နှင့် ထိပ်တိုက် ရင်ဆိုင်နေရသည်။

အဆိုပါ (၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ်များအား အောက်တိုဘာ ၁၇ရက်နေ့မှ ၁၉ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကာ ရန်ကုန်၊ ကမ္ဘောဇ၊ ရတနာပုံ (၃)သင်းမှာ အိမ်ကွင်းပွဲများ အဖြစ် လက်ခံသွားမည် ဖြစ်သည်။ ကွာတားဖိုင်နယ် အဆင့် ပွဲစဉ် မဲခွဲမှုကိုမူ (၁၆)သင်း အဆင့် ရှုံးထွက်ပွဲများ အပြီးတွင် ဆက်လက် ပြုလုပ်မည် ဖြစ်ကာ ဆီမီးဖိုင်နယ် ပွဲများကိုမူ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ စနစ်ဖြင့် ဆက်လက် ယှဉ်ပြိုင်စေမည် ဖြစ်သည်။

(၁၆)သင်း အဆင့် ပွဲစဉ်ဇယား

အောက်တိုဘာ ၁၇    ရက္ခပူရ    Vs    ဇွဲကပင်    (သုဝဏ္ဏ)
အောက်တိုဘာ ၁၇    မောဝ်ရ၀တီ    Vs    ဇေယျာရွှေမြေ    (အောင်ဆန်း)

အောက်တိုဘာ ၁၈    ရန်ကုန်    Vs    မကွေး    (YUSC)
အောက်တိုဘာ ၁၈    ကမ္ဘောဇ    Vs    ချင်း    (KBZ)
အောက်တိုဘာ ၁၈    ရတနာပုံ    Vs    မနောမြေ    (ဗထူး)
အောက်တိုဘာ ၁၈    ဟံသာဝတီ    Vs    ဆောက်သမ်း    (သုဝဏ္ဏ)
အောက်တိုဘာ ၁၈    ဧရာဝတီ    Vs    ကာကွယ်ရေး    (အောင်ဆန်း)

အောက်တိုဘာ ၁၉    နေပြည်တော်    Vs    ACE    (အောင်ဆန်း)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )