22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 10, 2012

စစ်တွေ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် က အမေရိကန် ဒု ၀န်ကြီးအားဘာတွေပြောခဲ့လဲ

အမေရိကန်နိုင်ငံခြားရေးဌာန ဒုလက်
ထောက်ဝန်ကြီး (Joseph Y. Yun) နှင့် မြန်
မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး
ဒက်ရက်ခ် မစ်ချယ် (Derek J. Mitchell) ဦး
ဆောင်သော အဖွဲ့က စစ်တွေအခြေစိုက်


အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ယနေ့ မွန်းလွဲ တစ်နာရီတွင် နေ့လယ်စာစားယင်း
 တွေ့ဆုံရာ၌ ဘင်္ဂါလီ ခိုးဝင်သူများသည် ဘင်္ဂလာဒေ့ရှ် ၏ တာဝန်သာဖြစ်သည် ဟု စစ်တွေ ဒေသခံများကိုယ်စား တက်ရောက်သူများက ပြောကြား ခဲ့သည့်အပြင်

Human Rights Watch အဖွဲ့၏ လွန်ခဲ့သည့် တစ်လခန့်က ထုတ်ပြန်ခဲ့သော ဘင်္ဂါလီဆူပူမှု အရေးအခင်း
ဆိုင်ရာ အစီရင်ခံစာ တွင် ၁၉၄၂-ခုနှစ်က ဘင်္ဂါလီများက ရခိုင်လူမျိုး တစ်သိန်းခန့်ကို သတ်ဖြတ်ခဲ့သော အရေးအခင်းကို ချန်လှပ်ခဲ့ခြင်းကို ဝေဖန်ထောက်ပြခဲ့သည်ဟု စစ်တွေအခြေစိုက် ၀ံလက် ဖောင်ဒေးရှင်း၏ ဒါရိုက်တာတစ်ဦး ဖြစ်သူ ဦးကျော်ဇောဦးက ပြောကြားခဲ့သည်ဟု Coral Arakan အားပြောကြားခဲ့သည်။

“ကျွန်တော် ဒု လက်ထောက်ဝန်ကြီးကို ပြောတဲ့အထဲမှာ တစ်အချက်။ ဘင်္ဂါလီရှစ်သိန်းကျော် ရခိုင်မြေပေါ်မှာ ရောက်နေတဲ့ အတွက် လူ့အခွင့်အရေးတို့ တိုင်းရင်းသားအရေးတို့ကို
မပြောနဲ့ထားဦး၊

အဲဒီ လူပေါင်း ဘင်္ဂါလီပေါင်း ရှစ်သိန်းကျော် လူသားစင်စစ်ရောက်ရှိနေကြတဲ့အတွက် ဒီရခိုင့်မြေပေါ်ကအခြေအနေကို ပိုပြီး ကောင်းမွန် စေဖို့ရာ ပြဿနာတွေပြေလည်အောင် လုပ်ဖို့ရာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ် (it is up to you) လို့ သူက ဆိုတယ်။ ဒါကို ကျွန်တော်က ငြင်းတယ်။
ဒီကိစ္စကို ဘင်္ဂလာဒေ့ရှ်က တာဝန်ယူရမှာဖြစ်တယ် (it is up to Bengladesh.) လို့ ကျွန်တော် ပြောခဲ့တယ်။

“နှစ်အချက်။ ပြီးခဲ့တဲ့တစ်လလောက်က  Human Rights Watch အဖွဲ့ကထုတ်ပြန်တဲ့ ဘင်္ဂါလီဆူပူမှု အရေးအခင်း ဆိုင်ရာ အစီရင်ခံစာမှာ နောက်ခံသမိုင်းကြောင်းအကျဉ်းကိုဖေါ်ပြရာမှာ  ၁၉၄၂-ခုနှစ်မှာ အိန္ဒိယကို စစ်ဆုတ်သွားတဲ့ ဗြိတိသျှတပ်တွေက ဘင်္ဂါလီကို လက်နက်တပ်ဆင်ပေးပြီး Bengali V force ဆိုပြီး ထားခဲ့တယ်။

အဲသည် လက်နက်ကိုင် ဘင်္ဂါလီတွေက ရခိုင်လူမျိုး တစ်သိန်းခန့်လောက်ကို သတ်ဖြတ်ခဲ့တဲ့
မျိုးတုံး သတ်ဖြတ်မှုကို ချန်လှပ်ထားခဲ့တာဟာ အဲသည် အစီရင်ခံစာအနေနဲ့ လုံးဝဘက်လိုက် ရေးသားထားတာ ဖြစ်ကြောင်း ကျွန်တော်က ဒု လက်ထောက်ဝန်ကြီးကို
 ထောက်ပြခဲ့တယ်။

တတိယအချက်။ ဒီအချက်က UNHCR ဌာနေကိုယ်စားလှယ် ဟန်စ်တန်ဖဲလ် နဲ့ အဖွဲ့ဝင်တွေကို ကျွန်တော် ပြောခဲ့တာဖြစ်တယ်။ ကျွန်တော်က UNHCR ဟာ ရခိုင်ဒေသမှာ ဘက်လိုက်ဆောင်ရွက်မှုရှိခဲ့တယ် ဆိုတာ အမှန်ပဲလို့ ပြောရမှာ ဖြစ်တယ် ပြောခဲ့တယ်။
ဥပမာ သူတို့ချပေးတဲ့ ပရောဂျက်တစ်ချို့မှာ အိမ်ခြေငါးဆယ် အောက် ရွာတွေကို ထောက်
ပံ့မှုမပေးဘူး ဆိုတာတွေရှိခဲ့တယ်။

 မူဆလင်ရွာကြီးတွေက အိမ်ခြေရာချီ ထောင်ချီနေပြီး တိုင်းရင်းသားရွာတွေက
အိမ်ခြေ ငါးဆယ်အောက်ရောက်နေတဲ့အခါ တိုင်းရင်းသားတွေက ဘာထောက်ပံ့မှုမှမရ
တာတွေရှိခဲ့တယ်။ ဒါတွေကို ကျွန်တော်ပြောခဲ့တယ်။

နောက်ဆုံးတစ်ချက်။ ဒါပေမဲ့ ဒါက စကားဝိုင်းစကတည်းက ကျွန်တော်ပြောခဲ့တာ။ ရိုဟင်ဂျာဆိုတဲ့စကားလုံးကို တစ်ခါ သုံးတိုင်း သုံးတိုင်း ကျွန်တော်တို့ ရခိုင်တွေကို ခြိမ်းခြောက်မှုတစ်ခါစီလုပ်နေတာ ဖြစ်တယ်။

ဘင်္ဂါလီက ဘင်္ဂါလီလို့ ကိုယ့်ကိုယ်ကို မခေါ်ပဲ၊ ရိုဟင်ဂျာ လို့နာမည်တီတွင် ခေါ်နေတာဟာ အဲဒီနာမည် နောက်က နိုင်ငံရေး ရည်မှန်းချက်တွေ(ဆိုလိုတာက နယ်မြေ သိမ်းပိုက်ရေး
ရည်မှန်းချက်တွေ) အတွက် တစ်ခါစီ တစ်ခါစီ ကြိုးပမ်းမှု လုပ်နေတာဖြစ်တယ် လို့ ကျွန်တော်
 ပြောခဲ့တယ်။ ဒီတော့ ဒီနေ့လယ်စာစားပွဲတစ်လျှောက်လုံးမှာ သူတို့ဘက်က ရိုဟင်ဂျာ ဆိုတဲ့
စကားလုံးကို လုံးဝ မသုံးခဲ့တော့ဘူး။”

ရခိုင်ပြည်၏ အခြေအနေမှာ အမေရိကန်တို့ ဥရောပတို့ ကွဲပြားခြားနားသည့်အပြင် ၂၀၂၃-
ခုနှစ်လောက်မှာ လက်ရှိ လူဦးရေ၏ နှစ်ဆရှိလာလိမ့်မည်ဟု ခန့်မှန်းနေကြသော  ဘင်္ဂလာဒေ့ရှ်ကဲ့သို့ နိုင်ငံမျိုးနဲ့ ကပ်လျက် တည်ရှိနေသည့် နိုင်ငံတစ်နိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေများမှာ သူ့အရပ် သူ့ဇာတ်နဲ့ ရှိနေမှာ ဖြစ်ကြောင်း၊

 ပြည်ပနိုင်ငံ ပြည်ပအဖွဲ့အစည်းများက နိုင်ငံတစ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ပြင်ပါလို့ ပြောပိုင်ခွင့်မရှိကြောင်း သူက အမေရိကန် ဒုလက်ထောက်နိုင်
ငံခြားရေးဝန်ကြီး ကို ပြောပြခဲ့သည်ဟု ဦးကျော်ဇောဦးက Coral Arakan အား
 ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များနှင့် UNHCR မှ ပုဂ္ဂိုလ်များက အလေးအနက်
ထား ထပ်ကာတစ်လဲလဲ မေးသောမေးခွန်းမှာ ရခိုင်လူ့အဖွဲ့အစည်းနှင့် ဘင်္ဂါလီလူ့အဖွဲ့အစည်းတို့
ယခင်ကဲ့သို့ အတိုင်းအတာတစ်ခု အထိ ပြန်လည် ရောနှောနေထိုင်မှု ဘယ်တော့ဖြစ်လာနိုင်မလဲ ဆိုသော မေးခွန်းဖြစ်ကြောင်း၊

ဒါက ရခိုင်လူမျိုးများအနေဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုများ (psychological trumas) ရှိနေဆဲဖြစ်
သဖြင့် အချိန်အတိုင်းအတာ တစ်ခုယူရဦးမှာ ဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု ၄င်းက ဆိုသည်။

အမေရိကန် ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန်သံအမတ်ကြီးတို့ ပါဝင်သော ဆယ့်တစ်ဦး အဖွဲ့သည် ဘူးသီးတောင် မောင်တော မှ ယနေ့မနက်ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ စစ်တွေ ဒေသခံ လူမှုအဖွဲ့ အစည်း ကိုယ်စားလှယ်များ နှင့်တွေ့ဆုံပြီးနောက် ချက်ချင်း လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ထွက်ခွာ သွားကြသည်။

(ဟန်မောင်သိန်း
 Coral Arakan News Agency
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )