22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 10, 2012

လီဗာပူးလ်က မိမိကို နောက်တစ်ကြိမ် ခန့်အပ်ရန် မကြိုးစားသဖြင့် အံ့ဩကြောင်း ဘင်နီတက်ဇ် ဖွင့်ဟ

မိမိအား မန်နေဂျာ အဖြစ် နောက်တစ်ကြိမ် ခန့်အပ်ရန် လီဗာပူးလ် အသင်းက လုံးဝ မကြိုးစားခဲ့ခြင်းကို အံ့ဩမိကြောင်း ရာဖေးလ် ဘင်နီတက်ဇ်က ဝန်ခံ ပြောကြားခဲ့သည်။


စပိန်သား ဘင်နီတက်ဇ်သည် လီဗာပူးလ်ကို ဥရောပ ချန်ပီယံလိဂ် ဆုဖလား အပြင် အောင်မြင်မှုအချို့ ရယူပေးနိုင်ခဲ့သူ ဖြစ်သည်။ အသက်(၅၃)နှစ်ရှိ ဘင်နီတက်ဇ်က လီဗာပူးလ်အသင်း မန်နေဂျာ ခန့်အပ်မှုများ မတည်မငြိမ် ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ဘောလုံးရာသီ အကုန်က ကင်နီဒဲလ်ဂလစ်ရှ်ကို ထုတ်ပယ်ချိန်၌ မိမိကို ကမ်းလှမ်းလာရန် မျှော်လင့်မိခဲ့ကြောင်း ဆိုသည်။ သို့သော်လည်း လီဗာပူးလ် အသင်းကို ပိုင်ဆိုင်သော FNGကုမ္ပဏီသည် ဆွမ်ဆီး အသင်း၏ မြောက်အိုင်ယာလန်သား မန်နေဂျာ ဘရန်ဒန် ရော့ဂျာကိုသာ မန်နေဂျာသစ် အဖြစ် ခန့်အပ် သွားခဲ့သည်။
လီဗာပူးလ် မန်နေဂျာဟောင်း ဘင်နီတက်ဇ်

လီဗာပူးလ်ကို ချန်ပီယံလိဂ်နှင့် FAဖလားများ ရယူပေးခဲ့ဖူးသည့် ဘင်နီတက်ဇ်က "ကျွန်တော့်ကို သူတို့ လုံးဝ ချဉ်းကပ် မလားဘူး ဆိုတာက ထူးဆန်းပါတယ်။ ကျွန်တော်ဟာ ဒီကလပ်အကြောင်း၊ ကစားသမားတွေအကြောင်း၊ လူငယ် အကယ်ဒမီအကြောင်း ကောင်းကောင်း သိပါတယ်။ ခုဆိုရင် ပထမတစ်ခါ လီဗာပူးလ်ကို ကိုင်တွယ်တုန်းကထက်တောင် အတွေ့အကြုံပိုင်း ပိုများလာပါပြီ။ တကယ်ဆိုရင် ပရိသတ်တွေက ဒီစိတ်ကူးကို အကောင်းမြင်နေမှာပါ" ဟု ပြောကြား သွားခဲ့သည်။

ကျွန်တော့်ကို သူတို့ လုံးဝ ချဉ်းကပ်မလားဘူး ဆိုတာက ထူးဆန်းပါတယ်။ ကျွန်တော်ဟာ ဒီကလပ်အကြောင်း၊ ကစားသမားတွေအကြောင်း၊ လူငယ် အကယ်ဒမီအကြောင်း ကောင်းကောင်း သိပါတယ်...
ဘင်နီတက်ဇ်သည် နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူညီမှုဖြင့် အန်းဖီးလ်ကို (၂၀၁၀)ပြည့်နှစ်၊ နွေရာသီတွင် ကျောခိုင်းခဲ့သည်။ ၎င်း၏ နောက်ဆုံးကိုင်တွယ်သွားသော ဘောလုံးရာသီတွင် လီဗာပူးလ်သည် ပရီးမီးယားလိဂ် အဆင့်(၇)သာ ရရှိပြီး ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံး ခဲ့ရသည်။
Ref: Goal

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )