22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 10, 2012

BBC သတင်းဌာန ရန်ကုန်တွင် ရုံးခွဲ ဖွင့်မည်


ယခင် တပ်မတော် အစိုးရ လက်ထက်
အတိုက်အခံ မီဒီယာအဖြစ် သတ်မှတ်
ထားသော ဘီဘီစီ သတင်းဌာန၏
 မြန်မာပိုင်း အစီအစဉ် ရုံးခွဲကို ရန်ကုန်မြို့

တွင် ဖွင့်လှစ်ရန်အတွက် သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် လာရောက် ဆွေးနွေး နေပြီဖြစ်
ကြောင်း BBC Global News မှ ဒါရိုက်တာ PETER HORROCKS က The Voice Weekly
 သို့ ပြောကြားသည်။

“ ဘယ်အချိန် စဖွင့်မလဲ ဆိုတာတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အပေါ်မှာ
 မူတည်တယ်” ဟု ၄င်းက ဆိုသည်။

BBC မြန်မာပိုင်း အစီအစဉ်သည် ၁၉၄၀ စက်တင်ဘာတွင် စတင် ထုတ်လွင့်ခဲ့သည့် အတွက် သက်တမ်းအားဖြင့် နှစ် ၇၀ ပြည့်ခဲ့ပြီ ဖြစ်သည်။ယခင်က အတိုက်အခံ မီဒီယာအဖြစ် သတ်မှတ်ခံရသော
BBC အပါအ၀င် အခြား မီဒီယာများမှာ ပြည်တွင်းတွင် တရားဝင် သတင်းယူခွင့် ရရှိနေပြီဖြစ်ပြီး

ဒီမိုကရက်တစ် မြန်မာအသံ ( DVB ) ကလည်း ရုံးခွဲအဖြစ် ရန်ကုန်မြို့တွင် ဖွင့်လှစ်ခွင့် ရရှိ
ထားသောကြောင့် ၄င်းတို့ အနေဖြင့်လည်း ဖွင့်လှစ်ခွင့် ရရှိနိုင်ကြောင်း အပတ်စဉ်ထုတ် သတင်း
အယ်ဒီတာ တစ်ဦးက မှတ်ချက်ပေးသည်။

BBC ရေဒီယို မြန်မာပိုင်း အစီအစဉ်ကို တစ်ရက်လျှင် သုံးကြိမ် တင်ဆက်ပြီး မြန်မာနိုင်ငံတွင်
တစ်ပတ်လျှင် လူဦးရေ ၈ ဒသမ ၃ နားဆင်ကြပြီး ၂၃ ရာခိုင်နှုန်းကို ထောက်ခံ အားပေးမှု ရရှိကြောင်း
 ၂၀၁၀ တွင် ကောက်ယူသော သတင်း မီဒီယာ စစ်တမ်းတစ်ခုတွင်
 ဖော်ပြထားသည်။

The Voice Weekly 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )