22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 10, 2012

ပရီးမီးယားလိဂ် သက်တော်ရှည် မန်နေဂျာ နှစ်ဦးထံတွင် ကစားခွင့်ရခြင်း အတွက် ဗန်ပါစီ ပျော်ရွှင်နေ

မန်ချက်စတာ ယူနိုက်တက် အသင်း၏ တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီက ပရီးမီးယား လိဂ်တွင် ဝါအရင့်ဆုံး၊ အောင်မြင်မှု အကြီးမားဆုံး မန်နေဂျာ (၂)ဦးလက်အောက်တွင် ကစားခွင့် ရခြင်းကို ဝမ်းမြောက်မိကြောင်း ပြောကြားလိုက်သည်။

နယ်သာလန် လက်ရွေးစင် ကစားသမားသည် အာဆင်နယ်တွင် (၈)နှစ်ကြာ ဖြတ်သန်းပြီး မန်နေဂျာ အာစင်ဝင်းဂါး၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ အရောင်တောက်လာခဲ့သည်။ ၎င်းသည် နွေရာသီ အပြောင်းအရွှေ့ ကာလက မန်ယူအသင်းသို့ ပြောင်းရွှေ့လာပြီးနောက် ဆာအဲလက်စ် ဖာဂူဆန်၏ သွန်သင်မှုများကို ခံယူခွင့် ရရှိခဲ့ပြန်သည်။ ပရီးမီးယားလိဂ်တွင် သက်တမ်း အရှည်ဆုံး မန်နေဂျာကြီး နှစ်ဦး၏ လက်အောက်တွင် ပညာယူ ကစားခွင့် ရသည့်အတွက် အလွန်ထူးခြားသည့် ပျော်ရွှင်ခံစားမှုမျိုးကို ဖြစ်ပေါ်စေကြောင်း အသက်(၂၉)နှစ်ရှိ ဗန်ပါစီက ပြောဆိုသွားသည်။

"ကျွန်တော့်ဘဝမှာ တကယ့် အပျံစား နည်းပြတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဘာ့တ်ဗန်မားဝစ်ဂ်ျ၊ မာကိုဗန် ဘာစတန်တို့အပြင် ခုဆိုရင် ဝင်းဂါးနဲ့ ဆာအဲလက်စ်တို့ပေါ့။ သူတို့ အားလုံးဟာ ကိုယ်ပိုင် အရည်အသွေး တစ်မျိုးစီနဲ့ ထူးချွန်သူတွေပါ။ ကျွန်တော်ကတော့ ဆာအဲလက်စ်နဲ့ ဝင်းဂါးတို့ နှစ်ယောက် လက်အောက်မှာ ကစားခွင့်ရတဲ့ တော်တော်ရှားရှားပါးပါး ကစားသမား ဖြစ်မယ် ထင်ပါတယ်။ ဒီခံစားမှုက တကယ့်ကို ထူးခြားလွန်းပါတယ်"ဟု ဗန်ပါစီက ပြောကြားခဲ့သည်။ ၎င်းက လက်ရှိ အိုးလ်ထရက်ဖို့ဒ် ကစားသမားဘဝတွင် ကျေနပ်လောက်ဖွယ် ခြေစွမ်းမျိုး ရရှိနေသော်လည်း ပိုကြိုးစားရန် လိုအပ်နေကြောင်းလည်း ဆိုသည်။

ကျွန်တော်ကတော့ ဆာအဲလက်စ်နဲ့ ဝင်းဂါးတို့ နှစ်ယောက် လက်အောက်မှာ ကစားခွင့်ရတဲ့ တော်တော်ရှားရှားပါးပါး ကစားသမား ဖြစ်မယ် ထင်ပါတယ်။ ဒီခံစားမှုက တကယ့်ကို ထူးခြားလွန်းပါတယ်...
"ကစားသမား ဘဝဆိုတာ ပန်းခင်းလမ်း မဟုတ်ဘူးလေ။ စိတ်ပျက်စရာ တချို့တော့ ရှိနိုင်တာပဲ။ ကျွန်တော် ပင်နယ်တီတစ်လုံး ဂိုးမဝင်ခဲ့ဘူး။ ဒါမျိုးကို စိတ်ပျက်စရာလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ (၂-၁)နဲ့ နောက်က လိုက်ကစားနေတဲ့ အချိန်မျိုးမှာ ပင်နယ်တီ လွဲသွားတာက တော်တော်ဆိုးပါတယ်။ ဘာပဲဖြစ်ဖြစ် ပွဲတိုင်းမှာ ကျွန်တော့်နောက်က လူပေါင်းများစွာ ထောက်ခံအားပေးခဲ့တယ်။ ပရိသတ်တွေ၊ ကစားဖော်တွေ အားလုံးပေါ့။ ဒီအတွက် သူတို့ကို ကျေးဇူးတင်ပါတယ်"ဟုလည်း ဗန်ပါစီက ဖွင့်ဟသွားသည်။
Ref: Skysports
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )