22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 10, 2012

""မြောက်ဥက္ကလာလူသတ်မှုအတွက် ၂၃ ဦးကို ဖမ်းထား""

ရန်ကုန်မြို့ Six STAR အရက်ဆိုင်
 လူသတ်မှုမှာ ပါဝင်တယ်လို့ သံသ
ရှိသူ၂၃ ဦးကို ဖမ်းထားတယ်၊ 
တိမ်းရှောင်သူ၁၂ ဦးကို တရား
ခံပြေးအဖြစ် ကြေညာထားတယ်



လို့မနေ့က ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။
လူသတ်မှု ဘာကြောင့် ဖြစ်ပွားခဲ့တယ် ဆိုတာ ဖော်ပြထားခြင်း မရှိပါ။ သတင်းရဲ့ ဆိုလိုရင်း
ကတော့ "သင့်တော်ရာ ခရိုင် တရားရုံးတစ်ရုံးသို့ လုံခြုံရေးအရ ပြောင်းရွှေ့စစ်ဆေးခွင့်
" ဖြစ်ပါတယ်။

လုံခြုံရေး ဆိုပေမယ့် ဘယ်လို မလုံခြုံသလဲ ဆိုတာကို လုံးဝ ရေးမထားပါ။ (အရင်တုန်းကတော့ အရေးကြီးအကျဉ်းသားတွေရဲ့ အမှုကို အင်းစိန်ထောင်ထဲမှာ ခရိုင်တရားသူကြီးတွေ 

အရောက်သွားပြီး ကြားနာစစ်ဆေးစီရင်ကြပါတယ်။)

သတင်းစာဖော်ပြချက်အရ ဆိုရင် ဒီလူသတ်မှုကို သဃန်းကျွန်းမှာရှိတဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ စစ်ခဲ့ပုံရပါတယ်။

ခုချိန်ထိတော့ တရားလိုပြသက်သေ ၇ ယောက်ကို စစ်ပြီးပါပြီ တဲ့။ တရားလိုပြသက်သေပေါင်း 

၆၀ ရှိတယ်လို့ ဆိုတယ်။

ဒီအမှုအစပြုခဲ့တာ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းမှာပါ။ သေဆုံးသူက အသက် ၃၂ နှစ်အရွယ် ကိုကျော်မင်း ဖြစ်ပါတယ်။

သူ့ကို Six STAR အရက်ဆိုင်မှာ မျက်နှာဖုံးစွပ်လူ ၆ ယောက်က ဓားနဲ့ ၀ိုင်းခုတ်ကြတယ်လို့ ဂျာနယ်သတင်းတွေမှာ ပါခဲ့ပါတယ်။

၃ ယောက်က ဆိုင်ထဲဝင်ပြီး ၃ ယောက်က ဆိုင်အပြင်က စောင့်တယ်၊ ကိုကျော်မင်း ဆိုင်ထဲက ပြေးထွက်လာတော့ စောင့်နေသူ ၃ ယောက်က ၀ိုင်းပြီး ဓားနဲ့ခုတ်ကြတယ်လို့ 

ဆိုပါတယ်။

သူတို့စီးလာတဲ့ကားတွေမှာလည်း ကားနံပါတ်ကို ဖုံးအုပ်ထားတယ် တဲ့။

လူသတ်မှုမတိုင်ခင် ဖြစ်ရပ်တချို့ကို ပေါ်ပြူလာ ဂျာနယ်တစောင်မှာ အခုလို

 ရေးထားပါတယ် -

    ယင်းည၌ သေဆုံးသူ ကိုကျော်မင်း ၏မိခင်အား မေးမြန်းကြည့်ရာ ဝေဘာဂီမြို့သစ် ၁ ရပ်ကွက်မှ ရေလုပ်ငန်း လုပ်ကိုင်ပြီး ငွေကြေး ချမ်းသာသူ ကိုသက်ဦးနှင့် သူ၏ သားတို့နှင့်

 တန်ဆောင်တိုင် လပြည့်နေ့ မတိုင်မီကတည်းက ခိုက်ရန် ဖြစ်ပွားခဲ့ဖူးသည်ဟု ဆိုသည်။

    ”အဲဒီတုန်းက ကျော်မင်း ခေါင်းကွဲသွားတယ်။ ကျော်မင်းရဲ့ သူငယ်ချင်းလည်း မျက်နှာမှာ

 တော်တော် ထိသွားတယ်။

 ပြီးတော့ ရပ်ကွက်ရုံးမှာပဲ သူတို့ဘက်က လျော်ကြေး ပေးပြီး ကျေအေးလိုက်တယ်” ဟု 
ကိုကျော်မင်း မိခင်က ဆိုသည်။

ရန်ကုန်မှာ (အရပ်သားအချင်းချင်းကျူးလွန်တဲ့) လူသတ်မှု အများအပြား ပေါ်ပေါက်

ခဲ့ပေမယ့် 

အခုလို အုပ်စုဖွဲ့ပြီး ကျူးလွန်တဲ့အမှုအကြောင်း ဖတ်ရတာက ဒါဟာ ပထမဆုံးအကြိမ်ဖြစ်
တယ်လို့ ယူဆရပါတယ်။

(ဧရာဝတီ)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )