22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 5, 2012

စပါးတွင် ရက်ပိုင်းမျှသာ ရှိသေးချိန်၌ ဘိုအာ့စ်နှင့် လောရစ်တို့ ဆက်ဆံရေး အေးခဲနေ

တော့တင်ဟမ် ဟော့စပါးသို့ ရောက်ရှိလာသည်မှာ (၅)ရက်မျှသာ ရှိသေးသော်လည်း ပြင်သစ် ဂိုးသမား ဟူဂိုလောရစ်သည် မန်နေဂျာ အန်ဒရီဗီးလက်စ် ဘိုအာ့စ်နှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။

ပြင်သစ် လက်ရွေးစင် အသင်း၏ နည်းပြဖြစ်သူ ဒီဒီရာ ဒက်စ်ချမ့်က ၎င်းအားကိုးအားထား ပြုရသည့် လက်ရုံး ဂိုးသမားသည် ဂိုးသမား နေရာနှင့် ပတ်သက်ပြီး ဘိုအာ့စ်ပြောဆိုထားသည့် မှတ်ချက် စကားများကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ လောရစ်သည် ပြင်သစ်ကလပ် အိုလံပစ် လိုင်ယွန်မှ ပေါင်စတာလင် (၈)သန်းဖြင့် ဝှိုက်ဟတ်လိန်းသို့ ရောက်ရှိ လာခဲ့သည်။ သို့သော်လည်း လောရစ်ထက် အသက်(၁၆)နှစ် ပိုကြီးသည့် အသက်(၄၁)နှစ် အရွယ် အမေရိကန် ဂိုးသမားကြီး ဘရက်ဒ်ဖရီဒယ်လ်ကို ကျော်ဖြတ်ရန် ပြင်သစ်သား အနေဖြင့် သက်သေပြ ရဦးမည်ဟု ဘိုအာ့စ်က ပြောကြားခဲ့သည်။
စပါးသို့ ရောက်ရှိလာသည့် ဂိုးသမားသစ် လောရစ်

ဖရီဒယ်လ်သည် လောရစ် အသင်းသို့ ရောက်လာချိန်တွင် နောဝှစ်ခ်ျနှင့်ပွဲ၌ တိုက်တိုက်ဆိုင်ဆိုင် လက်စွမ်းပြခဲ့သည့်နောက် ဘိုအာ့စ်က မိမိသည် လောရစ်ကို ပွဲထွက်နေရာအတွက် အာမခံမည် မဟုတ်ကြောင်း ပြောဆိုလာခဲ့သည်။ ယင်းအခြေအနေနှင့် ပတ်သက်ပြီး ဒက်စ်ချမ့်က "သူ့ရဲ့ မန်နေဂျာသစ် ပြောတဲ့စကားကို လောရစ်က လက်ခံဖို့ ခက်နေပါတယ်။ အဲဒါတော့ သေချာတယ်။ ခုချိန်မှာတော့ ကျွန်တော်က စကားတွေ ဝင်ပြောပြီး ပြဿနာတစ်ခု ကြီးလာဖို့ မလုပ်ချင်ပါဘူး။ ကျွန်တော့် ဆန္ဒအရတော့ လောရစ်ကို လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေမျိုးနဲ့ မကြုံစေချင်ဘူး"ဟု ပြောဆိုသွားသည်။

လောရစ်ထက် အသက်(၁၆)နှစ် ပိုကြီးသည့် အသက်(၄၁)နှစ်အရွယ် အမေရိကန် ဂိုးသမားကြီး ဘရက်ဒ်ဖရီဒယ်လ်ကို ကျော်ဖြတ်ရန် ပြင်သစ်သား အနေဖြင့် သက်သေပြရဦးမည်ဟု ဘိုအာ့စ်က ပြောကြားခဲ့...
၎င်းက ဆက်လက်၍ "ကစားသမားတစ်ယောက် အသင်းသစ်တစ်ခုမှာ ကစားဖို့ဆိုရင် တချို့က အချိန်သိပ်မလိုဘူး။ တချို့ကတော့ အချိန်ယူရတယ်။ ဒါပေမဲ့ ဂိုးသမား တစ်ယောက် အနေနဲ့တော့ အသင်းရဲ့ ယုံကြည်မှုကို ရရှိဖို့က သိပ်အရေးကြီးပါတယ်။ ကျွန်တော်ကတော့ လောရစ်ဟာ ပွဲထွက်နေရာနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
Ref: Daily Mail

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )