မိမိတို့ အသင်းတွင် ဂိုးသွင်း တာဝန်ကို တိုက်စစ်မှူးများကချည်း ယူထားရန်ထက် တစ်သင်းလုံး မျှဝေယူရန် လိုအပ် နေပြီဟု လီဗာပူးလ် နောက်ခံလူ ဒန်နီရယ်လ် အဂ္ဂါက ပြောကြားလိုက်သည်။
လက်ရှိတွင် လီဗာပူးလ် တိုက်စစ်၌ ကစားသမား မလုံလောက်မှုများ ဖြစ်ပေါ်နေပြီး တိုက်စစ်ပိုင်းတွင် (၃)ပွဲကစားကာ (၂)ဂိုးသာ သွင်းယူနိုင်သည့် အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ဒိန်းမတ် လက်ရွေးစင်က အသင်း၏ သွင်းဂိုးပမာဏ တိုးတက်လာရေးသည် ကစားသမား တစ်ဦးချင်းမျှစီအပေါ် မှီခိုနေခြင်းသည် မမျှတကြောင်း ဝန်ခံခဲ့သည်။ လီဗာပူးလ်သည် အန်ဒီကာရိုးလ်ကို အငှား ချခဲ့ပြီးနောက် တိုက်စစ်တွင် လူးဝစ်ဆွာရက်ဇ် တစ်ဦးတည်းသာ ရှိနေပြီး ဖေဘီယို ဘော်ရီနီကမူ တောင်ပံနှင့် နောက်ချန် တိုက်စစ်တွင် အဓိက ကစားလျှက် ရှိနေသည်။
လီဗာပူးလ် နောက်ခံလူ အဂ္ဂါ
အဂ္ဂါက "သွင်းဂိုး ပမာဏ နည်းပါး နေတာကတော့ စိုးရိမ်စရာ အခြေအနေ တစ်ခုဆိုတာ သေချာပါတယ်။ အာဆင်နယ်နဲ့ ပွဲမှာ တော်တော်သိသာတယ်။ ဒါပေမဲ့ အဲဒီ ကိစ္စဟာ ကစားသမား တစ်ယောက်စာ၊ နှစ်ယောက်စာလောက်နဲ့ မဆိုင်ဘူးလေ။ ဒါဟာ အသင်းသား သုံးယောက်၊ လေးယောက်၊ ငါးယောက်၊ ခြောက်ယောက်လောက်ထိ အခွင့်အလမ်း ရှိရမယ်။ ကျွန်တော် ကိုယ်တိုင် အပါအဝင်ပေါ့။ အခွင့်အလမ်းတွေကတော့ ရှိနေမှာပါပဲ။ အရေးကြီးတာက အဲဒါကို အသင်းက ဘယ်သူမဆို လက်ဆုပ်လက်ကိုင် ယူနိုင်ဖို့ပါ" ဟု ပြောကြားသွားသည်။
သွင်းဂိုးပမာဏ နည်းပါး နေတာကတော့ စိုးရိမ်စရာ အခြေအနေ တစ်ခုဆိုတာ သေချာပါတယ်။ အာဆင်နယ်နဲ့ ပွဲမှာ တော်တော်သိသာတယ်။ ဒါပေမဲ့ အဲဒီ ကိစ္စဟာ ကစားသမား တစ်ယောက်စာ၊ နှစ်ယောက်စာလောက်နဲ့ မဆိုင်ဘူးလေ။ ဒါဟာ အသင်းသား သုံးယောက်၊ လေးယောက်၊ ငါးယောက်၊ ခြောက်ယောက်လောက်ထိ အခွင့်အလမ်း ရှိရမယ်...
လီဗာပူးလ်သည် (၁၉၆၂)ခုနှစ် နောက်ပိုင်းတွင် အဆိုးရွားဆုံး ရာသီအဖွင့် ရလဒ်များနှင့် တွေ့ကြုံနေရသော်လည်း အဂ္ဂါက မိမိတို့ အသင်းတွင် ယင်းကို ပြောင်းပြန်လှန်နိုင်လောက်သည့် အထင်ကရ ကစားသမားများ ရှိနေသည်ဟု ယုံကြည်လျှက် ရှိသည်။ "အသင်းရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး ကျွန်တော်က အားရပါတယ်။ အသင်းက လူတိုင်းလည်း ယုံကြည်မှု ရှိပါတယ်။ တစ်ဖက်က ကြည့်ရင်တော့လည်း ကျွန်တော်တို့လို အဆင့်မျိုးဟာ ဒီလိုဖြစ်မနေသင့်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ မန်နေဂျာရဲ့ စိတ်ကူး အစီအမံတွေ အတိုင်း လိုက်ကစားနိုင်ဖို့ နေ့တိုင်း ကြိုးစားနေဆဲပါ" ဟုလည်း အဂ္ဂါက ပြောဆို သွားခဲ့သည်။
Ref: Daily Mail
11:46 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com