22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 21, 2012

ဘင်္ဂါလီညှဉ်းပန်းမှုကြောင့် ဟိန္ဒူများ စစ်တွေသို့ ပြောင်းရွှေ



အတူနေ ဘင်္ဂါလီမူဆလင်များ၏ ညှဉ်းပန်း
ဖိအားပေးမှုကြောင့် မိမိတို့နေထိုင်ရာ ကျေးရွာမှ ထွက်ပြေးလာခဲ့ရသော ပေါက်တောမြို့နယ်
အတွင်းမှ ဟိန္ဒူလူမျိုး (၂၅) ဦးတို့သည်


ယနေ့ မနက်ပိုင်းတွင် စစ်တွေဈေး ဖောင်တော်ဆိပ်သို့ ရောက်ရှိရာ လံခြုံရေးတပ်ဖွဲ့
များ အပါအ၀င် တာဝန်ရှိသူများက သွားကြိုကာ စစ်တွေမြို့ မင်းဗာကြီးလမ်းပေါ်ရှိ
ဟိန္ဒူဒုက္ခသည် စခန်းသို့ လိုက်လံပို့ဆောင် ပေးခဲ့ကြသည်။

 == ပေါက်တောမြို့နယ် တောလည်ကျေးရွာမှ လူဦးရေ (၂၅)ဦး ရှိ ဟိန္ဒူမိသားစု လေးစု တင်ဆောင်ထားသော စက်လှေသည် ယနေ့ နံနက် ၁၁နာရီခွဲတွင် စစ်တွေမြို့နယ် ဈေးဖောင်တော်သို့ ရောက်ရှိလာသည်။

 == အဆိုပါမိသားစုများ အား တောင်ရွာဘင်္ဂလီကျေးရွာမှ ဘင်္ဂလီများက အတင်းအဓမ္မ
အမဲသားကျွေးပြီး မူဆလင်ဘာသာဝင်ခိုင်းသဖြင့် တောလည်ကျေးရွာ သို့ ထွက်ပြေး
လာခဲ့ရကာ၊ ယင်းရွာတွင် တစ်လမျှ ကြာပြီးနောက် ယခုမှ စစ်တွေ ဟိန္ဒူဒုက္ခသည်
စခန်းသို့ ခိုလှုံခွင့်တောင်းခံကာ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း သိရသည်။


 == စစ်တွေမြို့ပေါ်သို့ ရောက်သည်အထိ လိုက်ပို့လာသူ တောလည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာဒိုးက ထိုဟိန္ဒူဘာသာဝင်များ လွတ်မြောက်လာပုံကို Coral Arakan အား အောက်ပါအတိုင်း ပြောပြသည်။

== “ အဲဒီနေ့က ည(၈)နာရီလောက်ရှိမယ်၊ ဓါတ်မီးရောင်တွေ အများကြီး ကျွန်တော်တို့
ရွာကနေ လှမ်းမြင်ရတယ်။ စစချင်းတော့ ဘာမှန်းမသိဘူး။ နောက်တော့မှ



သူတို့ (ဟိန္ဒူတွေ) ပြေးလာတာတွေ့တယ်။ သူတို့နောက်က ဟိုးဘက် တောင်ရွာဘက်က
(ဘင်္ဂါလီ) ကုလားတွေ နောက်ကနေ လိုက်လာတာကို တွေ့ရတယ်။ ဒါနဲ့ ကျွန်တော်တို့
ရွာက ထလိုက်ကြတော့မှ ဒီကောင်တွေ(ဘင်္ဂါလီတွေ) ပြန်ပြေးသွားတာ” ဟု ဦးမောင်သာဒိုးက
 ပြောပြသည်။

 ==ထိုနည်းတူစွာစစ်တွေမြို့သဲချောင်း နှင့်သက်ကယ်ပြင်ဒုက္ခသည်စခန်းများတွင် နှစ်လခန်
့ရောက်ရှိနေခဲ့သော ဟိန္ဒူဘာသာဝင် အိမ်ထောင်စု(၁၈)စု လူဦးရေ (၉၈)ဦး တို့အားအား
 အတူနေ ဘင်္ဂါလီ မူဆလင် ဒုက္ခသည်များက အမဲသားစားခိုင်းခြင်း ဘာသာပြောင်းရန် ဖိအားပေးခြင်းတို့ကြောင့် အတူထားရှိခဲ့ရာမှ ခွဲထုတ်ကာ ပြီးခဲ့သော သြဂုတ်လကျမှ
စစ်တွေမြို့တွင်းရှိ ဟိန္ဒူဒုက္ခသည်စခန်းသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ == (သာထွန်းဦး နှင့် မင်းခရီ ရေးသားသည်။) ======

 Coral Arakan News
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )