ယနေ့ရုံးတင်စစ်ဆေးနေသော စိုင်းနော်ခမ်း(နှင့်အဖွဲ့) နှင့်ပတ်သက်၍
စက်တင်္ဘာ ၁၈ ရက် တရုတ်နိုင်ငံပိုင် CCTV ဘာသာပြန် ထုတ်လွှင့်မှုမှာ
လွှဲမှားနေကြောင်း သိရှိရပါသည်။
“အခုလို ဘာသာပြန်မှားယွင်းမှုဟာ လုံးဝမဖြစ်သင့်ဘူး၊ ဒါမြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်မင်းတို့ လဲသိ သင့်တယ်။ သျှမ်း- တရုတ်ဘာသာပြန်တွေ သျှမ်း-တရုတ် နယ်စပ်မှာ အများကြီး၊ မရှာနိုင်ရင် ကျနော် ဝိုင်းရှာ ပေးလို့ရ တယ်၊ ဒီလူသတ်မှုကိစ္စ စိုင်းနော်ခမ်းက ဝန်မခံသေးဘူး၊ ဆိုတော့ တရားရုံးက တရားခံအဖြစ် တရားစီရင်လို့ မရဘူး” - ဟု သျှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် စဝ်ခင်းဆာယီက ပြောပါသည်။
ယနေ့စက်တင်ဘာ ၂၀ ရက်နေ့ တရုတ်နိုင်ငံ ကူမင်း(ခွန်းမင်) မြို့ တရားရုံး၌ မူးယစ်ရာဇာ အမည်ရ စိုင်းနော် ခမ်း နှင့် ပတ်သက် ဆက်နွယ်သူ လူ ၅ ဦးအား ရုံးတင်စစ်ဆေးနေပါသည်။
စက်တင်္ဘာ ၁၈ ရက်နေ့ တရုတ်နိုင်ငံပိုင် CCTV အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်လွှဲမှား ထုတ်လွှင့်မှုအား ကြည့်ရှု လိုပါက အောက်ပါ ကလစ်အားကြည့်ရှု နိုင်ပါသည်။
http://english.cntv.cn/program/newsupdate/20120918/106694.shtml မှယူ၍ ပြန်လည်တင်ပြထား ပါသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com