22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 2, 2012

ဆန္ဒပြလိုသည့်စက်ရုံလုပ်သားများ နည်းဥပဒေအရ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခွင့်ရ

ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံအလုပ်
သမားများအနေဖြင့် နည်းဥပဒေအရ
ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခွင့်
 ရရှိပြီဖြစ်သည်။


 အလုပ်သမားအခွင့်အရေးများတောင်းဆိုရန်အတွက် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ် စက်တင် ဘာလ(၂) ရက်နေ့၌ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်သည်။

 အလုပ်သမားများအနေနှင့် ဆန္ဒထုတ်ဖော်ရခြင်းအကြောင်းကို ဂရိတ်ဖော်အဲဗားအထည်ချုပ်စက်ရုံမှ အမျိုးသမီးဝန်ထမ်း တစ်ဦးက ပြောသည်။




 “ ဆုံးရှုံးနေတဲ့ ကျမတို့အလုပ်သမားအခွင့်ရေးတွေကို ရချင်တဲ့ သဘောနဲ့ ဆန္ဒထုတ်ဖော်တာပါ” ဟု ဂရိတ်ဖော်အဲဗားအထည် ချုပ်စက်ရုံမှ အမျိုးသမီးဝန်ထမ်းတစ်ဦးက ယခုလိုရှင်းပြသည်။

 ဆန္ဒထုတ်ဖော်ခွင့်ကို နည်းဥပဒေအရ လူဦးရေ (၂ဝဝ) ဖော်ထုတ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ကြွေးကြော်သံ များလည်း အော်ဟစ် အသုံချခွင့်နှင့် လူ(၂)ဦးမှ တရားဟောခွင့် တို့ပါဝင်ကြောင်းကိုလည်း
သိရ သည်။

 “ ကျွန်တော်ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ခွင့်ရတာပါ။ ရန်ကုန်-ပုသိမ်လမ်းမပေါ်ကနေ လှိုင်သာယာ မဝတ ရုံးနားမှာ ရှိတဲ့ အောင်မြေသာဇံဘုရားနားက အားကစားကွင်းမှာ နာရီဝက် တရားဟောခွင့် ရပါတယ်”ဟု အလုပ်သမားလှုပ်ရှားမှု ကို ဆောင်ရွက်နေသူ ရှေ့နေ ဦးဌေးကပြောသည်။

 နေ့တွက် လုပ်ခ ၈ နာရီအနည်းဆုံး ၃ဝဝဝ ကျပ်ရရှိရေး၊ နေ့စားလရှင်း အလုပ်သမားများကို လခစား အလုပ်သမားအဖြစ် သတ်မှတ်ပေးရေး၊ လာဘ်ပေးလာဘ်ယူပပျောက်ရေး တရားဥပဒေ စိုးမိုးရေး စသည့်ကြွေးကြော်သံများကိုအလုပ်သမားများက   ကြွေးကြော်ကြမည်ဖြစ်ကြောင်း ရှေ့
နေဦးဌေးက ပြောသည်။

 ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်သမားလှုပ်ရှားမှုမှာ ဖေဖော်ဝါရီလ (၆) ရက်နေ့မှ စတင် ဆန္ဒထုတ်ဖော်ခဲ့ပြီး မေလတွင် အလုပ်သမားလှုပ်ရှားမှုပိုမို ပြင်းထန်လာကာ အလုပ်သမားဆန္ဒ
ထုတ်ဖော်မှု (၉ဝ) ကျော် ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ နည်းဥပဒေအရ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခွင့်ရခဲ့ခြင်းဖြစ်သည်။

မြစ်မခမီဒီယာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )