22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 9, 2012

ပုစွန်တောင် လူသတ်မှု ကျူးလွန်သူကို ၃၄ နာရီကြာ ပေါ်ပေါက်




လွန်ခဲ့သော သုံးရက်ခန့်က ဖြစ်ပွားခဲ့သော ပုစွန်တောင် မြို့နယ်တွင် ဖြစ်ပွားခဲ့သည် ရဲမှူးကြီး (အငြိမ်းစား) ဇနီး လူသတ်မှုကို ကျူးလွန်သည်ဟု သံသယရှိသူ အသက်၂၂ နှစ် အရွယ် အမျိုးသားကို လူသတ်မှု ဖြစ်ပွားပြီး ၃၄ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ၊ ယင်းရဲတပ်ဖွဲ့မှူး ရုံး ၊ ဌာနခွဲမှူး ဦးစီး(၂) ရဲမှူး မြင့်ထွေး ကပြောကြားသည်။


အဆိုပါ လူသတ်မှုနှင့် ပတ်သတ်၍ သံသယ ရှိသူ ကို ယင်းအမျိုးသမီးကြီး အသတ်မခံရမီ် တစ်ရက်တွင် အဲယားကွန်း လာရောက် ပြုပြင်သည့် အဖွဲ့ကို စစ်ဆေးခဲ့ရာမှ တစ်ယောက် ပျောက်ဆုံးခဲ့ပြီး ယင်းပျောက်ဆုံးနေသူကို ခြေရာခံ စစ်ဆေးရာမှ သံသယရှိသူ၏ နေထိုင်ရာ လှိုင်သာယာမြို့နယ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဆိုပါ လူသတ်မှု ကျူးလွန်သည်ဟု သံသယ ရှိသူသည် အသက်၂၂နှစ်အရွယ် မြင့်ထွေး(ခ) စောဖိုးခွားဖြစ်ပြီး၊ လွန်ခဲ့သော တစ်လခန့်ကအဲယားကွန်း ပစ္စည်းသွားဝယ်စဉ် ရွှေဘုန်းပွင့် ဘုရား အနီး ရွံ့ပေ၍ ခြေထောက်ဆေးရာ အနီးမှ ဖြတ်သွားသော သေဆုံးသူ ဒေါ်မေနှင်းဆီဟန် ကို ရေနှင့် ပက်မိ၍ တောင်းပန် သော်လည်း၊ ဒေါ်မေနှင်းဆီဟန် က ကြမ်းတမ်းစွာပြန်လည် ပြောဆိုခဲ့သောကြောင့် လည်းကောင်း၊ သံသယရှိသူ လုပ်ကိုင်သည့် ဆိုင်တွင် နှိမ်ချစွာ ဆက်ဆံသော ဆိုင်ပိုင်ရှင်ကို နာမည်ပျက်စေရန် ရည်ရွယ်၍ သြဂုတ်လ ၆ရက်နေ့ ၉နာရီ ၃၀ တွင် ယင်းအမျိုးသမီးကို သတ်ခဲ့ကြောင်း လူသတ်မှု ကျူးလွန်သည်ဟု သံသယရှိသူ ကဝန်ခံ ထွက်ဆိုခဲ့သည်။

''သူကဗိုက်ကို ထိုးတယ်၊ဆင့်ကဲဆင့်ကဲ ထိုးတာ၊၁၈ချက်လောက် ထိုးတယ်၊ အသက်ပြင်းပြင်း ရှုနေသေးတယ်၊နောက်မှ ငြိမ်သွားတာ၊ သေသွားတဲ့ အမျိုးသမီးက လူလယ်ခေါင်မှာ ဆဲလို့သူကို အရှက်ရအောင် လုပ်လို့ရယ်၊ အလုပ်လုပ်တဲ့ ပိုင်ရှင်က လည်း အိမ်သာတွေ၊ သန့်ရှင်းတွေကို သူ့တစ်ယောက်တည်း လုပ်ခိုင်းလို့ဆိုပြီး၊ အမျိုးသမီးလည်း တစ်ခုခုဖြစ်၊ အလုပ်ရှင်လည်း ဒီဆိုင်က အလုပ်သမားက အမှုဖြစ်ရင် ဆိုင်နာမည်သေအောင်လို့ ဆိုပြီး လုပ်တာ ''ဟု ဌာနခွဲမှူး ဦးစီး(၂) ရဲမှူးမြင့်ထွေး ကပြောကြားသည်။

အဆိုပါ ကျူးလွန်မှုမှာ စက်တင်ဘာလ ၅ရက်နေ့တွင် အဲယာကွန်း ပြင်ရန် ခေါ်သဖြင့် ဖြစ်ပွားခဲ့သော တိုက်ခန်းသို့ သွားရောက်စဉ် ၎င်းကိုသွားရောက်ရာ ၎င်းကို လွန်ခဲ့သော တစ်လခန့်က ဆိုခဲ့သူ ဖြစ်နေ၍ မှတ်မိပြီး၊ စက်တင်ဘာလ ၆ ရက်နေ့တွင် နေအိမ်မှ သုံးမြှောင့်တံစဉ်း (စကေဘာ)ကို ထည့်ယူ လာခဲ့ပြီး ၊ နံနက် ၉ နာရီခွဲခန့် တွင်ယင်း တိုက်ခန်းသို့ပြန်လာကာ မနေ့က အဲယားကွန်းလာပြင်သည့် အဖွဲ့ဖြစ်ကြောင်းပြော၍ နေအိမ်တွင်းဝင်ရောက်ပြီး ယူလာသော တံစဉ်းဖြင့် ရေချိုးခန်းမှ ထွက်လာသော အမျိုးသမီး၏ ဝမ်းဗိုက်ကို ထိုးခဲ့ပြီး၊ အမျိုးသမီး လဲကျသွားစဉ် ဗီရို အပေါ်သော့တွဲအနီး တင်ထားသောဖုန်းမှ အသံမြည်လာသဖြင့် ဖုန်းပိတ်၍ ယူခဲ့ကြောင်း၊ ကုတင် ပေါ်ရှိ ပိုက်ဆံအိတ်ထဲမှ တစ်ထောင်တန်၂၉ရွက်ကို ယူ၍ ဝင်ပေါက်တံခါးမကြီး ဒိုးလော့ကို လော့ချပိတ်၍ မိဘများ နေထိုင်ရာ ရိုးကြီး ကျေးရွာသို့ ပြန်ခဲ့ကြောင်း ၎င်းက ရဲတပ်ဖွဲ့ဝင်များ ထံ ထွက်ဆိုသည်။

ထိုနောက် လူသတ်မှု ကျူးလွန်ရာတွင် သုံးခဲ့သည့် အဖုံးစွပ်ပါ တံစဉ်း ထည့်ထားသော ပလပ်စတစ်အိတ် အတွင်း ၃ပိသာခန့်ရှိ လမ်းခင်း ကွန်ကရစ် ကျောက်တုံး (၁)တုံး ထည့်ပြီး၊ ဖုန်းကတ်ကိုလည်း ထုတ်၍ ရွှေလင်ပန်းချောင်းသို့ လွှင့်ပစ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဌာနခွဲမှူး ဦးစီး (၂) ရဲမှူး မြင့်ထွေး ကပြောကြားသည်။

'' နှုတ်ကြောင့်သေ၊ လက်ကြောင့် ကျေဆိုတဲ့ စကားပုံလိုပေါ့ ၊ ဘာမှ မဟုတ်တဲ့ ပြဿနာနဲ့ ဒီလိုဖြစ်သွားတာပါ''ဟု ၎င်းကပြောကြားသည်။
ယင်းလူသတ်မှုနှင့် ပတ်သတ်၍ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မူခင်း အထူးအဖွဲ့ဖွဲ့၍ စုံစမ်း စစ်ဆေး ဖော်ထုတ်ခဲ့ကြောင်း ယင်းတိုင်းရုံး ထံမှ သိရသည်။


The Voice Weekly
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )