22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 3, 2012

မြန်မာ့ လေကြောင်းမှ ဘရာဇီးလ် နိုင်ငံထုတ် လေယာဉ် ၂ စီးအား ၀ယ်ယူ


သြဂုတ်လ၃၁ရက်နေ့က မြန်မာ့ဆိပ်
ကမ်းအာဏာပိုင်ရုံးမှာကျင်းပပြုလုပ်
ခဲ့တဲ့ မြန်မာ့ လေကြောင်းရဲ့ လေယာဉ်
များ ပြည်တွင်း ပြည်ပ တိုးချဲ့ပြေးဆွဲနိုင်


ရေး အတွက် ဈေးကွက် ဆိုင်ရာ ဆွေးနွေးပွဲမှာ မြန်မာ့ လေကြောင်းမှ ဦးဆောင်
 ညွှန်ကြားရေးမှူး ဦးသန်းထွန်းရဲ့ ပြောကြားချက် အရ ဘရာဇီးလ် နိုငံထုတ်
 လေယာဉ် အသစ် ၂ စီးကို မြန်မာ့ လေကြောင်းမှ ၀ယ်ယူ လိုက်ပြီ ဖြစ်တယ်လို့
သိရပါတယ်။

အဆိုပါ လေယာဉ် အသစ် ၂ စီးဟာ ဘရာဇီးလ် နိုင်ငံ SAO JOSE JOS မြို့ရှိ Embraer
 လေယာဉ်ကုမ္ပဏီမှ ထုတ်လုပ်တဲ့ E-190 လေယာဉ် အမျိုးအစား ဖြစ်ပါတယ်။

အဆိုပါ လေယာဉ် အသစ် ၂ စီးဟာ ပြည်တွင်းသို့ နိုဝင်ဘာလမှာ ရောက်ရှိမှာ ဖြစ်ပြီး
ဒီဇင်ဘာလ ပထမ အပတ်မှာ စတင် ပျံသန်း ပြေးဆွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။



အဲ့ဒီလို ပြေးဆွဲ သွားမယ့် ခရီးစဉ်တွေ ကတော့ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ ခရီးစဉ်များနှင့်
 ပြည်တွင်း ခရီးစဉ်များမှာ ပျံသန်း ပြေးဆွဲ သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို အသစ်ဝယ်ယူ လိုက်တဲ့ လေယာဉ်သစ် ၂ စီးဟာ ခရီးသည် ၁၀၀ ၀န်းကျင် တင်ဆောင်
 နိုင်တယ်လို့ သိရပါတယ်။ အခုလက်ရှိ မှာတော့ မြန်မာ့ လေကြောင်းဟာ F-28, ATR, MA,
Beech 1900 စတဲ့ လေယာဉ် ၄ မျိုး ပျံသန်း ပြေးဆွဲ လျက်ရှိပြီး F-28 လေယာဉ် များဟာ
သက်တမ်း ကြာမြင့်စွာ အသုံးပြုပြီး ဖြစ်သဖြင့် လိုအပ်တဲ့ ပြင်ဆင်မှုများ ပြုလုပ်
သွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အဆိုပါ F-28 လေယာဉ်များ နေရာမှာ ဘရာဇီးလ် နိုင်ငံမှ ထုတ်ပြန်လုပ်တဲ့ Embraer E-
190 လေယာဉ် အသစ် ၂ စီးကို အစားထိုး ပြေးဆွဲ သွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အဆိုပါ လေယာဉ် အသစ် ၂ စီးရဲ့ ပြည်တွင်း ခရီးစဉ် ပျံသန်းရာတွင် F-28
 လေယာဉ်များ ဆင်းသက် လို့ရတဲ့ လေယာဉ်ကွင်းတိုင်း ဆင်းသက်ပြီး ပြည်တွင်း
ခရီးစဉ်များ ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိ ပါတယ်။

MRTV 4
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )