ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းလေ့လာဖို့ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်ဟာ ဒီကနေ့မှာ မွတ်ဆလင် ဒုက္ခသည်စခန်းတွေဖြစ်တဲ့ သက္ကယ်ပြင်၊ ဘောဒူဖအပါအ၀င် စစ်တွေ အောင်မင်္ဂလာရပ်ကို သွားရောက် လေ့လာခဲ့ပါတယ်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က စစ်တွေမြို့တွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun(ယာ)နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell (ဝဲ)တို့ ရခိုင်ပြည်နယ် လူ့အခွင့်အရေးကိစ္စ မေးမြန်းနေစဉ်။
အမေရိကန် သံအမတ်ကြီးဟာ ရခိုင်ပြည်နယ်က အသိုင်းအ၀ိုင်း နှစ်ဖက်ကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ပြေလည်နိုင်ရေး အပါအ၀င် ဒေသခံ လူမျိုးအားလုံးရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နေရာပြန်လည် ရရှိရေးစတဲ့ အချက်တွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ အောင်မင်္ဂလာရပ် ဒေသခံ မူဆလင်တဦးကပြောပါတယ်။
"ဒီမှာ ရှင်းပြတာကတော့ သူ သန်းခေါင်စာရင်းတစ်ခု ယူလာတယ်။ ဒီရွာထဲကနေ။ အဲတာ သန်းခေါင်စာရင်းမှာ ၄၂ ခုနှစ်မှာ ပါလာတဲ့ ရိုဟင်ဂျာ မူဆလင်ဆိုပြီးတော့ သန်းခေါင်စာရင်းမှာ ရေးပြီးသားပါတယ်။ သူတို့ရဲ့ ကလေး၊ သူတို့ရဲ့မိသားစုဟာနောင် ပေါက်ဖွားလာတဲ့ ကလေးတွေကြတော့ ဘင်္ဂါလီလူမျိုး ဖြစ်သွားတယ်။ အဲဒီ သန်းခေါင်စာရင်းပေါ်မှာ။ ရိုဟင်ဂျာ လူမျိုးနဲ့ ရသွားတယ်။ ရပြီးတော့ နောက်ပိုင်း သူကလေးတွေ ရသွားတော့ ဘင်္ဂါလီလူမျိုး အဖြူကတ်ပြားတွေ၊ ဘာတွေ ရသွားတယ်။ မင်းသားက ရိုဟင်ဂျာနဲ့ ရပြီးတော့ သူက ပေါက်ဖွားလာတဲ့ ကလေးတွေက ဘာဖြစ်လို့ ဘင်္ဂါလီဖြစ်ရမယ် ဆိုတာ သူက အဲဒီလို ဖြေသွားတယ်"
ဒါအပြင် သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့လည်း မေးမြန်းခဲ့တယ်လို့ သူကပြောပါတယ်။
အမေရိကန် သံအမတ်ကြီးဟာ စစ်တွေမြို့မှာ ရခိုင်ဆရာတော်တွေဖြစ်တဲ့ ရွှေစေတီ ဆရာတော်နဲ့ ဗုဒ္ဓဟိဟာရ ဆရာတော် နှစ်ပါး အပါအ၀င် ရခိုင်လူမှုရေး အဖွဲ့အစည်း (၅) ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ စစ်တွေဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
6:16 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com