22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 10, 2012

ဝတ်ပြုဆုတောင်းဖို့သွားကြတဲ့ ရွာသားများ အာဏာပိုင်က တားဆီး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပန်းတောင်းတောင် ပျောက်ကွယ် မသွားရအောင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကို ဒီကနေ့ ၀တ်ပြု ဆုတောင်းဖို့ သွားရောက်ကြတဲ့ ၀က်မှေးရွာနဲ့ ရွှေလှေရွာက ရွာသား ၁၀၀ ကျော်ကို လမ်းတစ်ဝက် အရောက်မှာ အာဏာပိုင်တွေက မြစ်တဖက်ကို ဖြတ်ကူးခွင့်မပြုဘဲ တားဆီး ပိတ်ပင်လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။
RFA
စစ်ကိုင်းတိုင်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြပွဲ၌ မီးသတ်ကား ၃ စီး၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၅၀ က စောင့်ကြည့်နေစဉ်။
ခရိုင်ရဲအရာရှိရဲ့ အမိန့်နဲ့ ပိတ်ပင်လိုက်တာ ဖြစ်ပြီး အခုလို ဘုရားမှာ ၀တ်ပြုဆုတောင်းမယ့် သူတွေကို တားဆီးပိတ်ပင်တဲ့ လုပ်ရပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်လို့ ဒီဝတ်ပြု ဆုတောင်းပွဲကို ဦးဆောင်တဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
ဝက်မှေးရွာနဲ့ ရွှေလှေရွာက ရွာသားတွေဟာ မနက် (၉) နာရီလောက်က ရွာက စထွက်ပြီး ညောင်ပင်ကြီး ဆိပ်ကမ်း အရောက်မှာ တားဆီး ခံရတာဖြစ်ပြီး ရွာသားတွေအနေနဲ့ ညနေပိုင်းအထိ ရွာကိုမပြန်ကြဘဲ အဲဒီမြစ်ဆိပ်ကနေ ဆုတောင်းပြည့်ဘုရားရှိတဲ့ မြစ်တဖက်ကမ်းကို ဖြတ်ကူးခွင့် မပြုမချင်း ထိုင်စောင့်နေကြတယ်လို့ သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )