22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, September 10, 2012

ရခိုင်ပဋိပက္ခ ၃ လပြည့် အထိမ်းမှတ်ပြုလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့ကနေ စတင်ခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှု ဖြစ်စဉ်တွေဟာ စက်တင်ဘာ ၈ ရက် မနေ့က ၃ လ ပြည့်မြောက်ခဲ့တဲ့အတွက် စစ်တွေမြို့ ဂြစ်ဖဘုန်းတော်ကြီးကျောင်းမှာ မနေ့က နေ့လည် ၁ နာရီမှာ ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (ရခိုင်ပြည်နယ်)က ဦးဆောင်ပြီး ပဋိပက္ခတွေအတွင်း သေဆုံးသွားခဲ့ကြတဲ့ ရခိုင်လူမျိုး ၃၄ ဦးကို ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပခဲ့ပါတယ်။
အဲဒီ ပဋိပက္ခ သုံးလပြည့် အထိမ်းအမှတ်ပွဲကို မြို့ခံလူထု ၃၀၀ ကျော် တက်ရောက်ခဲ့ကြပြီး သေဆုံးသူ ၃၄ ဦးအတွက် ဆီမီးထွန်းညှိတာတွေ၊ တစ်မိနစ် ငြိမ်သက်တာတွေ၊ ကဗျာရွတ်ဖတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်တွင်း ပြည်ပက အလှူရှင်တွေ စုပေါင်းပြီး သေဆုံးသွားတဲ့ မိသားစုတစ်စုစီအတွက် ငွေကျပ် ၅ သိန်းခန့်စီ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။
အဲဒီ အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က မမီးမီးနဲ့ မနီလာသိန်းတို့ကလည်း တက်ရောက်ခဲ့ကြပြီးတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ကိုယ်စား မိသားစုတွေအတွက် ငွေကျပ် တစ်သိန်းပေးအပ် လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )